Wednesday, June 27, 2018

နှစ်နိုင်ငံပြည်သူများ ချစ်ကြည်ရင်းနှီးရေး ကိုရီးယားသမ္မတနိုင်ငံ ရိုးရာယဉ်ကျေးမှုအဖွဲ့ မန္တလေးအမျိုးသားဇာတ်ရုံ၌ ဖျော်ဖြေ

Image may contain: 5 people, people smiling, people on stage, people standing and people dancing
အောင်မြေသာစံ ဇွန် ၂၆
မြန်မာ-ကိုရီးယား ယဉ်ကျေးမှုပူးပေါင်း
ဖလှယ်ရေးနှင့် နှစ်နိုင်ငံပြည်သူများအကြား ရင်းနှီးဖော်ရွေမှုရှိစေရေးအတွက် မြန်မာ နိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံသံရုံးက စီစဉ်ကျင်းပသည့် ကိုရီးယားသမ္မတနိုင်ငံ
ရိုးရာယဉ်ကျေးမှုအကအဖွဲ့ ဖျော်ဖြေတင် ဆက်ပွဲကို ဇွန် ၂၅ ရက် ည ၇ နာရီက
မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ၆၆ လမ်းရှိ အမျိုးသားဇာတ်ရုံ၌ ကျင်းပသည်။
အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး
ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊
မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ
သံအမတ်ကြီး HE.Mr. Lee Sang Hwaက
ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး
ကိုရီးယားရိုးရာယဉ်ကျေးမှု အဖွဲ့ခေါင်းဆောင် Mr.Hyon HaengBok က ကိုရီးယားရိုးရာ
ယဉ်ကျေးမှုအနုပညာနှင့်ပတ်သက်၍ ရှင်း
လင်းပြောကြားသည်။
ထို့နောက် ကိုရီးယားသမ္မတနိုင်ငံဂျယ်ဂျူ
ကျွန်းဆွယ်ဒေသမှ ဂျယ်ဂျူဒိုရစ်ရိုးရာ
ယဉ်ကျေးမှုအဖွဲ့က ငြိမ်းချမ်းရေးဆုတောင်း
ပွဲ၊ AbakDance၊ ကိုရီးယားရိုးရာစက်ဝန်း
အက၊Dance of Army Instruction Jack and
Gill အက၊Jeji Play အက၊ ကြက်တူရွေး
အက၊ Cheoyong Dance၊ ပင်လယ်ပျော်
မိန်းကလေးအက၊ ဗုံကြီးနှင့် ဗုံသေးအက တို့ဖြင့် ဖျော်ဖြေတင်ဆက်သည်။
အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး
ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊
မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်နှင့်
အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး လွှတ်တော်
ကိုယ်စားလှယ်များ၊အမျိုးသားယဉ်ကျေးမှု
နှင့် အနုပညာတက္ကသိုလ် ပါမောက္ခချုပ်
ဒေါ်ခင်ကြည်ပြာနှင့် ကျောင်းသား ကျောင်း
သူများ၊ နိုင်ငံခြားဘာသာ တက္ကသိုလ်
ကိုရီးယားဘာသာအထူးပြု ကျောင်းသား ကျောင်းသူများ၊ အနုပညာချစ်မြတ်နိုးသူ
များ တက်ရောက်ကြည့်ရှုအားပေးကြ
ကြောင်း သိရသည်။
သီဟကိုကို(မန္တလေး)

No comments:

Post a Comment