Wednesday, June 27, 2018

မြစ်သားမြို့နယ်အတွင်း တမံ၊ ရေလွှဲဆည်များ မကျိုးပေါက်မပျက်စီးစေရန်နှင့်ကြံ့ခိုင်မှုအချိန်နှင့်တစ်ပြေးညီ စိစစ် ကွင်းဆင်းစစ်ဆေး

Image may contain: mountain, sky, outdoor, nature and water
မြစ်သား ဇွန် ၂၆
မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့
နယ်အတွင်းရှိ ကင်းတားတမံနှင့် ရေလွှဲ
ဆည်များ၊ ရေပေးအဆောက်အအုံ
များအား မိုးရာသီအတွင်း၌ကျိုးပေါက်
ပျက်စီးမှုများမှ ကာကွယ်ရန်နှင့် ရေကြီး
ရေလျှံမှုများ မဖြစ်ပေါ်စေရေးအတွက်
ဇွန်လဒုတိယပတ်တွင် မန္တလေးတိုင်း
ဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှု
စီမံခန့်ခွဲရေးဦးစီးဌာန ဒုတိယ
ညွှန်ကြားရေးမှူး ဦးခင်ဇော်က ကွင်းဆင်း
စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် ကင်းတား ရေလှောင်တမံ၊ ကင်းတား၊ နတ်လွှဲ၊
မယ်ဇယ်ပင်သာ၊ ကျီးမဲ၊စမာ၊ သစ်
တက်ကုန်းရေလွှဲဆည်များနှင့် ဆည်
မြောင်း ရေပေးရေးအဆောက်အအုံ
များ၏ ရေပေးဝေရေး လုပ်ထုံးလုပ်
နည်းများနှင့်အညီ ဆောင်ရွက်ထား
ရှိမှု၊ မိုးရာသီကာလများတွင် ဆည်
မြောင်း ရေပေးရေးအဆောက်အအုံ များ၏ ကြံ့ခိုင်မှုအခြေအနေများကို အချိန်နှင့်တစ်ပြေးညီ စိစစ်ထားရှိမှု
နှင့် ဌာနမှဆောင်ရွက်လျက်ရှိသည့်
ထိန်းသိမ်းလည်ပတ်ခြင်း လုပ်ငန်းများ
ကိုအလေးထားကြီးကြပ်စီမံဆောင် ရွက်သွားကြရန် မြစ်သားမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံ ခန့်ခွဲရေးဦးစီးဌာန တာဝန်ရှိသူများ အား မှာကြားသည်။
ကြီးကြပ် စီမံဆောင်ရွက်
မြို့နယ်ဆည်မြောင်းနှင့် ရေအသုံး
ချမှု စီမံခန့်ခွဲရေးဦးစီးဌာနသည် နွေ
စပါး၊ မိုးစပါးအတွက် ရေပေးဝေပြီး ရေကြိုတင်ထိန်းညှိလျက်ရှိကြောင်း၊ ကင်းတားတမံနှင့် ရေလွှဲဆည်များ အပါအဝင် အခြားဆည်မြောင်း ရေ
ပေးရေး အဆောက်အအုံများကို
လည်း မိုးရာသီကာလအတွင်း ညွှန်
ကြားချက်များနှင့်အညီ ကြီးကြပ်စီမံ
ဆောင်ရွက်လျက်ရှိပြီး ၂၄ နာရီ ရေ
ကင်းများတာဝန်ချထားကာ မြို့နယ်
အာဏာပိုင် အဖွဲ့အစည်းများနှင့် အမြဲချိတ်ဆက် ဆောင်ရွက်လျက်ရှိ ကြောင်း၊ ကင်းတားတမံ၏ ကန်ရေ
ပြည့်အမှတ်မှာ RL(၆၈ဝ)ပေဖြစ်ပြီး
ယခုလက်ရှိရေမှတ်မှာRL(၆၄၁ ဒသမ ၁၄) ဖြစ်သည့်အတွက် ကန်ရေ
ပြည့်ရန် (၃၈ ဒသမ ၈၆)ပေ လိုအပ်
နေသေးကြောင်း ဦးစီးအရာရှိ(တမံ) ဦးထင်ကျော်လင်းထံမှ သိရသည်။
ရဲဝင်းထွန်း (မြစ်သား)

No comments:

Post a Comment