Tuesday, June 5, 2018

နယ်စပ်ရေးရာဝန်ကြီးဌာနက တနိုင်းမြို့နယ် အောင်လော့ဒ်ဒေသမှ ခေတ္တတိမ်းရှောင်မိသားစုများအား ထောက်ပံ့ပစ္စည်းများပေးအပ်

Image may contain: 11 people, people standing
နေပြည်တော် ဇွန် ၎
နယ်စပ်ရေးရာဝန်ကြီးဌာနက ကချင် ပြည်နယ် မြစ်ကြီးနားခရိုင် တနိုင်း မြို့နယ် အောင်လော့ဒ်ဒေသမှ နယ်မြေလုံခြုံရေး အခြေအနေအရ ခေတ္တတိမ်းရှောင်လာသော မိသားစုဝင် ၁၅ဝ အတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ဖားကန့် မြို့နယ် လဝါးကျေးရွာ၌ ကျင်းပသည်။
အခမ်းအနားတွင် နယ်စပ်ရေးရာ ဝန်ကြီးဌာနက ထောက်ပံ့ပေးသော ငွေကျပ် ၂၆၄၆၄၉ဝ တန်ဖိုးရှိ ရိက္ခာ တစ်လစာ၊ ဆန် ၅၄ အိတ်၊ ဆီ ၉၃ ပိဿာ၊ ကုလားပဲ ၁၃၉ ပိဿာ၊ ဆား ၂၃ ပိဿာတို့ကို ကချင်ပြည်နယ် ဒေသဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး ညွှန်ကြား ရေးမှူး ဦးအောင်ကျော်ထူးက ပေးအပ်ရာ ဒေသခံပြည်သူများက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
နယ်စပ်ရေးရာဝန်ကြီးဌာနသည် ကချင်ပြည်နယ်အတွင်းရှိ ခေတ္တ တိမ်းရှောင် မိသားစုဝင် ၂၆ဝ၁ ဦး အတွက် ဆန် ၁ဝ၁၉ အိတ်၊ ဆီ ၁၆၂၂ ပိဿာ၊ ကုလားပဲ ၁၆ဝ၇ ပိဿာ၊ ဆား ၅ဝ၇ ပိဿာ၊ စောင် ၁၆၂ ထည်၊ ခြင်ထောင် ၈၂ လုံး တို့ကို ဖားကန့်မြို့နယ် မံဝယ်ကျေးရွာ နှင့် လဝါးကျေးရွာ၊ မြစ်ကြီးနား မြို့နယ် တန်ဖဲကျေးရွာ၊ မိုးကောင်း မြို့နယ် နမ္မတီးမြို့၊ တနိုင်းမြို့နယ် အောင်လော့ဒ်ကျေးရွာ၊ ဝိုင်းမော် မြို့နယ် ရှငေါ်ကျေးရွာများတွင် နယ်မြေခံတပ်မတော်နှင့် ပူးပေါင်း၍ ထောက်ပံ့ပေးအပ်ခဲ့ပြီး ကျန်းမာရေး အတွက် ဆေးဝါးပစ္စည်းများ၊ ကလေး သူငယ်များအတွက် အာဟာရ ဖြည့်စွက်စာများ ထပ်မံပေးပို့ရေး စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။
သတင်းစဉ်

No comments:

Post a Comment