Tuesday, June 5, 2018

ကုမ္ပဏီများနှင့် တင်ဒါစတင်ခေါ်ယူသည်မှ စာချုပ်လက်မှတ်ရေးထိုးနိုင်သည့်အဆင့် ရောက်ရှိအောင် ဆောင်ရွက်ခဲ့သည်ကို မေးမြန်းဆွေးနွေး

Image may contain: one or more people and hat
နေပြည်တော် ဇွန် ၎
ဇွန် ၄ ရက်တွင် ကျင်းပသည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး (၁၁)ရက်မြောက်နေ့တွင် မင်းကင်းမဲဆန္ဒနယ် မှ ဦးမောင်မြင့်က ကန်ပေါက်ဒေသတွင် ဆောင်ရွက်မည့်စီမံကိန်းကိုTotal Gas & Power Business Service S.A.S နှင့်SIEMENS A.Gနှင့် လည်းကောင်း၊ ဧရာဝတီ တိုင်းဒေသကြီးတွင် ဆောင်ရွက်မည့် စီမံကိန်း ကို Zhefu Holding Co.,Ltd. နှင့် Supreme Trading Co.,Ltd. နှင့် လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် ဆောင်ရွက်မည့် စီမံကိန်းကိုTTCL Public Company Limited နှင့် လည်းကောင်း၊ ရခိုင်ပြည်နယ် ကျောက်ဖြူတွင်ဆောင်ရွက်မည့် စီမံကိန်းကိုSinohydro Coporation Limitedနှင့်Supreme Trading Co.Ltd. နှင့် လည်းကောင်း လက်မှတ်ရေးထိုးခဲ့ကြောင်း လေ့လာသိရှိရပါ သဖြင့် ယင်းကုမ္ပဏီများနှင့် စာချုပ်လက်မှတ် ရေးထိုးနိုင်သည့် အဆင့်ရောက်ရှိအောင် တင်ဒါစတင်ခေါ်ယူသည်မှစတင်၍ မည်သို့ သော အဆင့်များကို ပွင့်လင်းမြင်သာစွာနှင့် ဆောင်ရွက်ခဲ့သည်ကို သိလိုကြောင်း မေးမြန်းရာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းခိုင်က တနင်္သာရီတိုင်းဒေသကြီး ကန်ပေါက်LNG to Powerစီမံကိန်းကိုTotal Gas & Power Business Service S.A.S နှင့် SIEMENS A.Gတို့က လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး မီးလောင်ဂျိုင် LNG to Power စီမံကိန်းကို Zhefu Holding Co., Ltd. နှင့် Supreme Trading Co.,Ltd. တို့က လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး အလုံ LNG to Power စီမံကိန်းကို TTCL Public Company Limited ကလည်းကောင်း၊ ရခိုင်ပြည်နယ် ကျောက်ဖြူ CCGT စီမံကိန်းကို Sinohydro Corporation Limitedနှင့် Supreme Trading Co.,Ltd. တို့က လည်းကောင်း ရင်းနှီးမြှုပ်နှံဆောင်ရွက်သွားရန် Notice to Proceed (NTP) ကို ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလ ၃ဝ ရက်တွင် ထုတ်ပေးခဲ့ပါကြောင်း။
အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု (PPP) စီမံကိန်းများနှင့် ပတ်သက်၍ ရင်းနှီး မြှုပ်နှံသူက ၎င်း၏အစီအစဉ်ဖြင့် ဆောင်ရွက် လိုကြောင်း အဆိုပြုတင်ပြသည့် Unsolicited Project များကို နိုင်ငံတော်နှင့် တိုင်းဒေသကြီး/ ပြည်နယ်အတွက် အကျိုးဖြစ်ထွန်းနိုင်မှုအပေါ် မူတည်ပြီး တင်ဒါလုပ်ငန်းစဉ် မလိုအပ်ဘဲ စိစစ် ခွင့်ပြုဆောင်ရွက်ရန် ၂ဝ၁၇ခုနှစ် ဇွန် ၁၁ ရက် တွင် ကျင်းပခဲ့သည့် စီးပွားရေးရာကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်အရ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က မူဝါဒများထုတ်ပြန် ထားပါကြောင်း။
လျှပ်စစ်ဥပဒေပုဒ်မ ၁၂ အရ ပြည်ထောင်စု က စီမံခန့်ခွဲခွင့်ရှိသည့် အကြီးစား လျှပ်စစ် ဆိုင်ရာလုပ်ငန်းများကို ပြည်တွင်းပြည်ပမှ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ဆောင်ရွက်လိုသည့် မည်သည့်ပုဂ္ဂိုလ်၊ အဖွဲ့အစည်းကိုမဆို ခွင့်ပြုမိန့် ထုတ်ပေးနိုင်ပါကြောင်း၊ လျှပ်စစ်နည်းဥပဒေ အပိုဒ် ၁၅ အရ ပြည်တွင်း ပြည်ပမှ ရင်းနှီး မြှုပ်နှံလုပ်ကိုင်ဆောင်ရွက်လိုသူကို လျှပ်စစ် ဓာတ်အားထုတ်လုပ်ခြင်း ခွင့်ပြုမိန့်လျှောက် ထားခြင်းမပြုမီ ဆောင်ရွက်ရန်လိုအပ်သော အကြီးစား လျှပ်စစ်ဓာတ်အား စူးစမ်းရှာဖွေ ခြင်းနှင့် ဖြစ်မြောက်နိုင်စွမ်း လေ့လာမှုပြုလုပ်ရန် ခွင့်ပြုနိုင်ပါကြောင်း၊ လျှပ်စစ်နည်းဥပဒေအပိုဒ် ၃၃ အရ အထူးရည်ရွယ်ချက်ဖြင့် ခွင့်ပြုသော လျှပ်စစ်ဓာတ်အားပို့လွှတ်ခြင်း ခွင့်ပြုမိန့်အား အများပြည်သူအကျိုးစီးပွားကို မြှင့်တင်ပေး မည့် အထူးစီမံကိန်းများဆိုင်ရာလုပ်ငန်းများ အတွက် ခွင့်ပြုနိုင်ပါကြောင်း။
စီမံကိန်းများအတွက် နိုင်ငံတကာဘဏ်များ၊ ငွေကြေးအဖွဲ့အစည်းများနှင့် ဆွေးနွေးညှိနှိုင်းရန်၊ အင်ဂျင်နီယာပညာနှင့် ဒီဇိုင်းရေးဆွဲမှု၊ ESIAလေ့လာမှုများ၊ LNGတင်သွင်းမည့် အစီ အစဉ်များကို ကုမ္ပဏီများက စတင်ဆောင်ရွက် နိုင်ရန် NTP စာကို ဌာနမှထုတ်ပေးခြင်းဖြစ်ပြီး သက်ဆိုင်ရာကုမ္ပဏီကလည်း လက်ခံရရှိ ကြောင်းကို လက်မှတ်ရေးထိုးပေးကြခြင်းဖြစ် ပါကြောင်း၊ လိုအပ်သည့်လုပ်ငန်းစဉ်များကို အဆင့်ဆင့် ဆောင်ရွက်ပြီးစီးမှသာလျှင် ပြည်သူများအတွက် ရေရှည်အကျိုးရှိပြီး ထိရောက်သောနည်းလမ်းများဖြင့် အကောင် အထည်ဖော်နိုင်မည့် စီမံကိန်းစာချုပ်များကို ချုပ်ဆိုသွားရမည်ဖြစ်ပါကြောင်း။
စီမံကိန်း လေးခုစလုံးသည် နိုင်ငံတော် ဘတ်ဂျက်သုံးစွဲပြီး ဌာနမှဆောင်ရွက်သည့် စီမံကိန်းများ မဟုတ်ပါကြောင်း၊ ၁ဝဝ ရာခိုင်နှုန်း ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံငွေဖြင့် ဆောင်ရွက် လိုကြောင်း အဆိုပြုလာသည့် Unsolicited Project များဖြစ်သောကြောင့် တင်ဒါ လုပ်ငန်းစဉ် မလိုအပ်ဘဲ PPPစီမံကိန်းများ အတွက် နိုင်ငံတော်ကချမှတ်ထားသော မူဝါဒ နှင့်အညီ စိစစ်ခွင့်ပြုခဲ့ခြင်း ဖြစ်ပါကြောင်း၊ လျှပ်စစ် ဥပဒေပုဒ်မ ၁၂၊ လျှပ်စစ်နည်းဥပဒေ အပိုဒ် ၁၅ နှင့် ၃၃ တို့အရ ခွင့်ပြုနိုင်သည့် စီမံကိန်းလုပ်ငန်းများလည်း ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားခဲ့သည်။
အေးအေးသန့်

No comments:

Post a Comment