Tuesday, June 26, 2018

လယ်ကွင်းအတွင်းထယ်ထိုးရာမှရှေးဟောင်းပစ္စည်းများတွေ့ရှိ

Image may contain: food and indoor
အင်းတော် ဇွန် ၂၅
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် နောင်ကွတ်ကျေးရွာ လယ်ကွင်းအတွင်း ထယ်ထိုးရာမှ ရှေးဟောင်းပစ္စည်းများ တွေ့ရှိခဲ့ကြောင်း သိရသည်။
အင်းတော်မြို့နယ် ကုန်းခါးကျေးရွာအုပ်စု နောင်ကွတ်ကျေးရွာအရှေ့ဘက် နောင်ကွတ်-ကျောက်အိုးလမ်းဘေးရှိ ဦးမြင့်အောင် ပိုင်သည့် လယ်ကွင်းအတွင်း၌ ဇွန် ၂၁ ရက် နံနက်ပိုင်းက ၎င်းထယ်ထိုးနေစဉ် ပျူခေတ်ရှေးဟောင်းပစ္စည်းများဟု ယူဆရသော သံဓားရှည်ကြီး သုံးချောင်း၊ သံဓားအသေး ၁၃ ချောင်း၊ မြေအိုးအကောင်းနှစ်လုံး၊ မြေခွက်နှစ်ခွက်၊ လက်ကောက်တစ်ကွင်းနှင့် အိုးခြမ်းပဲ့ ၁၉ ခုတို့ကို တွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါရှေးဟောင်းပစ္စည်းများ တွေ့ရှိရာသို့ မော်လူးမြို့ရှိ ရှေးဟောင်းအမွေအနှစ်ထိန်းသိမ်းရေး အတွင်းရေးမှူး ဦးချိတ်နှင့် အဖွဲ့ဝင်များ၊ ကုန်းခါးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဆန်းထွေးနှင့် ရပ်မိရပ်ဖများ သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
ကိုမင်း(အင်းတော်)

No comments:

Post a Comment