Tuesday, June 26, 2018

ထာဝရငြိမ်းချမ်းရေးစေတီတော် တည်ထားကိုးကွယ်ရေးအတွက် ပါဝင်လှူဒါန်းနိုင်ပါကြောင်း နှိုးဆော်ခြင်း

Image may contain: sky
ထေရဝါဒဗုဒ္ဓဘာသာဝင်တို့၏ ရည်မှန်း တောင့်တရာဖြစ်သော ထာဝရငြိမ်းချမ်းရေးဖြစ်သည့် မြတ်နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ရေးနှင့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ကြီး ထာဝရငြိမ်းချမ်းရေး ရရှိစေရေးတို့ကို ရည်သန်၍ ပြည်ထောင်စုနယ်မြေ ဒက္ခိဏသီရိမြို့နယ် ရာဇသင်္ဂဟလမ်း ထာဝရငြိမ်းချမ်းရေး စေတီတော် ပရိဝုဏ်အတွင်းတွင် ရွှေပါရမီတောရဆရာ တော် ဘဒ္ဒန္တဆန္ဒာဓိက၏ မတည်လှူဒါန်းမှု၊ ခုနစ်ရက် သားသမီး အလှူရှင်များ၏ ပေါင်းစုကောင်းမှုဖြင့် ထာဝရငြိမ်းချမ်းရေးစေတီတော်ကြီးကို တည်ထားလျက် ရှိသည်။
ယင်းသို့တည်ထားကိုးကွယ်ရာတွင် ထေရဝါဒ သာသနာတော်ဆိုင်ရာ ထုံးတမ်းစဉ်လာ မဟာမင်္ဂလာ အခမ်းအနား ကိုးမျိုးနှင့်အညီ ဖြစ်စေရေးအတွက် ထာဝရငြိမ်းချမ်းရေးစေတီတော် သြဝါဒါစရိယဆရာ တော်ကြီးများထံ သြဝါဒခံယူပြီး ဆောင်ရွက်လျက်ရှိ ပါသည်။ အဆိုပါ မဟာမင်္ဂလာကိုးမျိုးအနက် အနန္တရာယိက မြေသန့် မဟာမင်္ဂလာ၊ ရတနာပန္နက် တော်တင်တွင်းတော်ဝန်းမင်္ဂလာ၊ ရတနာအုတ်မြစ်တော်စီ မဟာမင်္ဂလာတို့ကို သာသနာတော်ဆိုင်ရာ ထုံးတမ်း စဉ်လာများနှင့်အညီ ဆောင်ရွက်ခဲ့ပြီးဖြစ်သောကြောင့် ဇွန် ၁၉ ရက်တွင် သတ္တဌာန မူလဌာပနာတော်သွင်း မဟာမင်္ဂလာကို ကျင်းပခဲ့ပြီး အောက်ဖော်ပြပါ မဟာမင်္ဂလာ ငါးမျိုးကိုလည်း ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ပါသည်-
(က) အလယ်ဌာပနာတော်သွင်း မဟာမင်္ဂလာ
(ခ) ပန်းလည်တိုင်စိုက်ထူခြင်း မဟာမင်္ဂလာ
(ဂ) အထက်ဌာပနာတော်သွင်း မဟာမင်္ဂလာ
(ဃ) ရွှေထီးတော်တင် မဟာမင်္ဂလာ
(င) မြသပိတ်၊ ရွှေကြာသင်္ကန်းတော်ကပ်နှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာ
သို့ဖြစ်ပါ၍ ထာဝရငြိမ်းချမ်းရေးဖြစ်သော မြတ်နိဗ္ဗာန် ချမ်းသာကို မျက်မှောက်မျက်မြင် ရရှိနိုင်စေရန်၊ နိုင်ငံတော် ကြီး ထာဝရငြိမ်းချမ်းရေးရရှိစေရန် ရည်သန်လျက် နိုင်ငံသူ နိုင်ငံသားများအနေဖြင့် ထာဝရငြိမ်းချမ်းရေး စေတီတော် တည်ဆောက်ရေးတွင် သဒ္ဓါတတ်အား နည်းများမဆို ကုသိုလ်ပါဝင်လှူဒါန်းလိုပါက အောက်ဖော်ပြပါ နေရာများ သို့ ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း နိဗ္ဗာန်အကျိုးမျှော်၍ အသိပေးနှိုးဆော်အပ်ပါသည်-
(က) ဦးသောင်းဝင်း ညွှန်ကြားရေးမှူး သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန (ဝန်ကြီးရုံး) ရုံးအမှတ်(၃၁) နေပြည်တော် ဖုန်း-ဝ၉-၄၂ဝ၇ဝ၁၄၆၃၊ ဝ၆၇-၃၄ဝ၆၂၇၆
(ခ) ဦးမောင်မောင်မျိုး ညွှန်ကြားရေးမှူး ထာဝရငြိမ်း ချမ်းရေးစေတီတော်ပရိဝုဏ် နေပြည်တော် ဖုန်း-ဝ၉-၂၁၃၂၁၉၁၊ ဝ၆၇-၃၅၅ဝ၁၈၃
(ဂ) ဦးကြင်ခိုင် ညွှန်ကြားရေးမှူး နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် ကမ္ဘာအေးဘုရားဝင်း ရန်ကုန်မြို့ ဖုန်း-ဝ၉-၅၁၈၃၄၇၁၊ ဝ၁-၆၆၁၂၇၅
(ဃ) ဦးကျော်စိန်ဝင်း ညွှန်ကြားရေးမှူး နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ် (၆၂) လမ်း မန္တလေးမြို့ ဖုန်း-ဝ၉-၂ဝဝဝ၁ဝဝ၊ ဝ၉-၄၃၁၂၅၃၇၃၊ ဝ၂-၆၆၁၁၁၃
(င) ဦးရဲအောင်နိုင် စီမံဌာနမှူး ရွှေတိဂုံစေတီတော် ဂေါပက အဖွဲ့ရုံး ရန်ကုန်တိုင်းဒေသကြီး ဖုန်း-ဝ၉-၃၃ဝ၅၂၂၅၈
(စ) ဦးထွန်းအောင်ငွေ ရုံးအဖွဲ့မှူး ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ရုံး ရန်ကုန်တိုင်းဒေသကြီး ဖုန်း- ဝ၉-၇၃၂၄၄၁၄၇၊ ဝ၁-၃၇၁ဝ၈၉
(ဆ) ဦးကျော်နိုင်ထွန်း ရုံးအဖွဲ့မှူး ဗိုလ်တထောင် စေတီတော်ဂေါပကအဖွဲ့ရုံး ရန်ကုန်တိုင်း ဒေသကြီး ဖုန်း-ဝ၉-၂၅ဝဝဝ၃၁၈ဝ၊ ဝ၁-၂၉၂၁၆၉
(ဇ) ဦးမြင့်အုန်း ရုံးအဖွဲ့မှူး ကမ္ဘာအေးစေတီတော် ဂေါပကအဖွဲ့ရုံး ရန်ကုန်တိုင်းဒေသကြီး ဖုန်း-ဝ၉-၂၅ဝ၆၇၇၂၈၉၊ ဝ၁-၆၆၁ဝဝ၂
(ဈ) ဦးမောင်မောင်ဦး အတွင်းရေးမှူး ဝေရောစန ကျောက်စိမ်းစေတီတော်ဂေါပကအဖွဲ့ရုံး မန္တလေးတိုင်းဒေသကြီး ဖုန်း- ဝ၉-၇၇၇ဝ၃၅၄၉၈
(ည) ဦးချစ်ကိုကို ရုံးအဖွဲ့မှူး ဝေရောစန ကျောက်စိမ်းစေတီတော်ဂေါပကအဖွဲ့ရုံး မန္တလေးတိုင်းဒေသကြီး ဖုန်း-ဝ၉-၇၉၇၁၃၁၈၇၃
(ဋ) ဦးစိုးလင်း ဥက္ကဋ္ဌ မဟာမုနိဘုရားကြီး ဂေါပက အဖွဲ့ရုံး၊ မန္တလေးတိုင်းဒေသကြီး ဖုန်း-ဝ၉-၂ဝဝ၁၇၆၇
(ဌ) ဦးသိန်းထွန်း ရုံးအဖွဲ့မှူး မဟာမုနိဘုရားကြီး ဂေါပကအဖွဲ့ရုံး မန္တလေးတိုင်းဒေသကြီး ဖုန်း-ဝ၉-၄၄၄ဝ၄၄၄၇၅
(ဍ) ဦးသိန်းထွန်း ဥက္ကဋ္ဌ မန္တလေးတောင်တော် ဂေါပကအဖွဲ့ရုံး မန္တလေးတိုင်းဒေသကြီး ဖုန်း-ဝ၉-၂ဝ၁၂၄ဝ၂

No comments:

Post a Comment