Friday, June 22, 2018

လှည့်ကင်းဆောင်ရွက်စဉ် တရားခံပြေးတစ်ဦးအား ဖမ်းမိ

Image may contain: 1 person, standing
ဘားအံ ဇွန် ၂၁
ကရင်ပြည်နယ်ရဲတပ်ဖွဲ့ အိန္ဒုနယ်မြေရဲစခန်းမှ နယ်ထိန်းတပ်ဖွဲ့ဝင်များသည် ယနေ့ နံနက်ပိုင်းက လှည့်ကင်းဆောင်ရွက်စဉ် မူးယစ်ဆေးဝါးအမှုဖြင့် အလိုရှိသည့် တရားခံပြေးတစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယင်းနေ့နံနက် ၁ နာရီခွဲခန့်က အိန္ဒုနယ်မြေရဲစခန်းမှ နယ်ထိန်း ခေါင်းဆောင် ဒုရဲအုပ်အောင်ကျော်ကို ဦးစီးသည့် လှည့်ကင်းအဖွဲ့သည် ရဲစခန်း အပိုင်နယ်မြေအတွင်း လှည့်ကင်းဆောင်ရွက်နေစဉ် အိန္ဒုစံပြကျေးရွာ တိုက်နယ် ဆေးရုံအနီး အမျိုးသားတစ်ဦးကိုတွေ့ရှိ၍ စစ်ဆေးရာ နေဇော်(ခ)ပုံပုံ (၂၈)နှစ် အောင်ရတနာရပ်ကွက် အိန္ဒုစံပြကျေးရွာ ဘားအံမြို့နယ်နေသူဖြစ်ကြောင်း သိရပြီး၎င်းမှာ အိန္ဒုနယ်မြေရဲစခန်းမှ အလိုရှိသည့် တရားခံပြေးဖြစ်ကြောင်း စစ်ဆေးတွေ့ရှိ၍ ယခင်ပြစ်မှုဖြင့် တရားစွဲတင်ပို့နိုင်ရန် ဆက်လက်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မင်းသူ၊ ထွန်းထွန်းထွေး(ဘားအံ)

No comments:

Post a Comment