Friday, June 22, 2018

ပေါက်မြို့နယ်၌ စိတ်ကြွရူးသွပ်ဆေးပြားများသိမ်းဆည်းရမိ

Image may contain: people sitting and food
ပေါက် ဇွန် ၂၁
မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ ပူးပေါင်းအဖွဲ့ဝင်များသည် ဇွန် ၂ဝ ရက် ညနေပိုင်းတွင် သတင်းအရ ပေါက်မြို့နယ် လက်ပံတိုကျေးရွာနေ ဦးဝင်းစိုး၏နေအိမ်ကို ဝင်ရောက်ရှာဖွေခဲ့ရာ အိမ်အောက်ထပ်တွင် အတူရှိနေသော ဦးစောမင်းနှင့်၎င်းတို့ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၉ဝ၊ ဘိန်းဖြူဟုယူဆရသည့် ဖြူဝါရောင်အမှုန့် ၅၉ ဂရမ်နှင့်အတူ ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိ ခဲ့သည်။
အလားတူ လက်ပံတိုရေနံမှော်တဲတိုက်တွင်နေထိုင်သူ ဦးဝင်းမောင်နှင့် မြိုင်မြို့နယ်ကျော်ရွာကျေးရွာနေ မအေးမာ၊ မြိုင်မြို့နယ် သပြေကုန်းကျေးရွာနေ ဦးခိုင်စိုးတို့ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၅ဝ၊ ဘိန်းဖြူဟုယူဆရသည့် ဖြူဝါရောင်အမှုန့် လေးဂရမ်ခန့်တို့ကို သိမ်းဆည်းရမိခဲ့သည်။ ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
ဥာဏ်တိုး(ပေါက်)

No comments:

Post a Comment