
စပိန်အသင်းသည် ကမ္ဘာ့ဖလားပြိုင်ပွဲ၏ အုပ်စုအဆင့်ဒုတိယပွဲစဉ် တွင် အီရန်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ တိုက်စစ်မှူး ကော်စတာ ၏ သွင်းဂိုးဖြင့် စပိန်အသင်းက အနိုင်ရရှိခဲ့သည်။
စပိန်အသင်းသည် နှစ်ပွဲကစားအပြီးတွင် တစ်ပွဲနိုင်၊ တစ်ပွဲ သရေ ရမှတ်လေးမှတ်ဖြင့် အုပ်စုကို ဦးဆောင်လျက်ရှိပြီး အုပ်စုအဆင့် နောက်ဆုံးပွဲတွင် သရေတစ်မှတ်ရရုံဖြင့် နောက်တစ်ဆင့်တက်နိုင် မည့် အခွင့်အရေးရှိနေသည်။
အီရန်အသင်းနှင့် စပိန်အသင်းတို့၏ ပွဲစဉ် ပထမပိုင်းတွင် ဂိုးသွင်းယူနိုင်ခြင်းမရှိခဲ့သော်လည်း ဒုတိယပိုင်းပွဲကစားချိန် ၅၄ မိနစ် တွင် တိုက်စစ်မှူးကော်စတာက စပိန်အသင်းအတွက် အနိုင်ဂိုးတစ်ဂိုး သွင်းယူပေးခဲ့ခြင်းဖြစ်သည်။
အီရန်အသင်းမှာ ကမ္ဘာ့ဖလားတွင် ဥရောပအသင်းများနှင့် တွေ့ ဆုံတိုင်း နိုင်ပွဲတစ်ပွဲမျှရရှိခဲ့ခြင်းမရှိခဲ့ပေ။ အီရန်အသင်းသည် အုပ်စု အဆင့်နောက်ဆုံးပွဲစဉ်အဖြစ် ပေါ်တူဂီအသင်းနှင့်လည်းကောင်း၊ စပိန်အသင်းမှာ မော်ရိုကိုအသင်းနှင့်လည်းကောင်း ဇွန် ၂၅ ရက်တွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
အီရန်၊ စပိန်၊ ပေါ်တူဂီနှင့် မော်ရိုကို အသင်းတို့၏ အုပ်စုတွင် စပိန်အသင်းက လေးမှတ်၊ ပေါ်တူဂီအသင်းက လေးမှတ်နှင့် အီရန် အသင်းက သုံးမှတ်အသီးသီးရယူထားနိုင်ခဲ့ပြီး မော်ရိုကိုအသင်းမှာမူ ရမှတ်တစ်မှတ်မှ ရရှိထားခြင်းမရှိဘဲ အုပ်စုအဆင့်မှာပင် ကမ္ဘာ့ ဖလားပြိုင်ပွဲကို လက်ပြနှုတ်ဆက်ရတော့မည်ဖြစ်သည်။
ငွေကြယ်
No comments:
Post a Comment