Tuesday, June 5, 2018

အခြေခံလယ်ယာသုံးစက်ကိရိယာပြင်ဆင်ထိန်းသိမ်းမှု သင်တန်းဖွင့်

Image may contain: one or more people and people sitting
နေပြည်တော် ဇွန် ၎
အခြေခံလယ်ယာသုံး စက်ကိရိယာ ပြင်ဆင် ထိန်းသိမ်းမှု(တောင်သူ) သင်တန်း(၁/၂ဝ၁၈)ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁ဝ နာရီက နေပြည်တော် စက်မှုလယ်ယာဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဝင် ဦးအေး မောင်စိန်က စိုက်ပျိုးရေးကို အခြေခံသည့်ဒေသ ဖြစ်သည့်အတွက် လက်မှုလယ်ယာမှ စက်မှုလယ်ယာ သို့ ကူးပြောင်းလုပ်ကိုင်ရာတွင် စက်ကိရိယာများကို ကျွမ်းကျင်ပိုင်နိုင်စွာမောင်းနှင်ပြီး မိမိကိုယ်တိုင် ပြင်ဆင်ထိန်းသိမ်းတတ်စေရန်၊ သီးနှံများအား အချိန်မီစိုက်ပျိုးနိုင်ပြီး အချိန်ကိုက်ပြန်လည် ရိတ်သိမ်းနိုင်စေရန်၊ စက်ကိရိယာနှင့် နည်းပညာ များကို အသုံးချကာ စိုက်ပျိုးထုတ်လုပ်မှုတိုးတက် မြင့်မားလာစေရန်အတွက် ယခုကဲ့သို့ သင်တန်းများ ဖွင့်လှစ် သင်ကြားပေးခြင်းဖြစ်ကြောင်း ပြောကြား သည်။
ထို့နောက် စက်မှုလယ်ယာဦးစီးဌာန(ရုံးချုပ်) ညွှန်ကြားရေးမှူး(စီမံကိန်း) ဒေါ်ယုခင်က သင်တန်း ဖွင့်လှစ်ပေးရခြင်း၏ ရည်ရွယ်ချက်များကို လည်းကောင်း၊ နေပြည်တော်သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစန်းအောင်က သမဝါယမ အသင်းသားတောင်သူများအား လယ်ယာသုံး စက်ကိရိယာများကို အရစ်ကျစနစ်ဖြင့် ထုတ်ပေး ထားရှိမှု အခြေအနေများကိုလည်းကောင်း ရှင်းလင်း ပြောကြားခဲ့သည်။
အဆိုပါသင်တန်းတွင် နေပြည်တော်အတွင်းရှိ လယ်ယာစိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေကြသည့် သမဝါယမအသင်းသား တောင်သူ ၃ဝ တို့အား ဇွန် ၄ ရက်မှ ဇူလိုင် ၂ ရက်အထိ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထွန်းထွန်းဝင်း

No comments:

Post a Comment