Saturday, June 23, 2018

အကြမ်းဖက်ခေါင်းဆောင်တစ်ဦးအား အင်ဒိုနီးရှားတရားရုံးက သေဒဏ်ချမှတ်

Image may contain: 7 people, people standing
ဂျကာတာ ဇွန် ၂၂
အင်ဒိုနီးရှားတရားရုံးတစ်ရုံးက အကြမ်းဖက်ခေါင်းဆောင်တစ်ဦးအား နိုင်ငံအတွင်း အကြမ်းဖက်လုပ်ရပ်များ ကျူးလွန် ခဲ့ခြင်းမှာ ထင်ရှားသည့်အတွက် ယနေ့သေဒဏ်ချမှတ်လိုက်ကြောင်း သတင်းများအရသိရသည်။
အာမန် အက်ဒူရာရ်မန်သည် အိုင်အက်စစ်သွေးကြွအဖွဲ့ကို သစ္စာခံသည့် ဂျီမက်ရှ် အန်ရှာရု ဒါအူလက်ရှ်အဖွဲ့ ခေါင်းဆောင်တစ်ဦးဖြစ်သည်။
အာမန် အက်ဒူရာရ်မန်သည် ၂ဝ၁၆ ခုနှစ် ဇန်နဝါရီလတွင် ဖြစ်ပွားခဲ့သော လူလေးဦးသေဆုံးခဲ့သည့် အသေခံ ဗုံးခွဲတိုက်ခိုက်မှုနှင့် သေနတ်ပစ်ခတ်မှုအပါအဝင် အကြမ်းဖက်လုပ်ရပ်အများအပြားကို အကျဉ်းထောင်အတွင်းမှ ကြိုးကိုင်လှုပ်ရှားခဲ့ကြောင်း သိရသည်။
အာမန် အက်ဒူရာရ်မန်က သူအချုပ်ကျနေစဉ်အတွင်း ပြင်ပရှိသူ၏အဖွဲ့သားများကို အကြမ်းဖက်ဝါဒဖြန့်ကာ အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်စေရန် အမိန့်ပေးစေခိုင်းခဲ့သည်ဟု တရားသူကြီးက ပြောကြားခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံအတွင်း အကြမ်းဖက်လုပ်ရပ်အများအပြား ဖြစ်ပွားလျက်ရှိသည်။ လွန်ခဲ့သောလအတွင်းက ပါလီမန်အမတ်များသည် အကြမ်းဖက်မှုဆန့်ကျင်တိုက်ဖျက်ရေးဥပဒေတစ်ရပ်ကို ပြဋ္ဌာန်းခဲ့သည်။ အဆိုပါဥပဒေတွင် ရဲအရာရှိများနှင့် စစ်တပ်တို့တွင် အကြမ်းဖက်မှုဆန့်ကျင်တိုက်ဖျက်ရေးနှင့်ပတ်သက်ပြီး ယခင်ကထက် လုပ်ပိုင်ခွင့်အာဏာ ပိုမိုရရှိစေကြောင်း သိရသည်။
အင်န်အိတ်ခ်ျကေ

No comments:

Post a Comment