Friday, June 29, 2018

ပန်းတောင်းမြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးရေးဒုတိယအကြိမ် ပြည်သူ့စကားဝိုင်း ကျင်းပ

Image may contain: one or more people, crowd and indoor
ပန်းတောင်း ဇွန် ၂၈
ပန်းတောင်းမြို့နယ် ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူး၍ ကျေးလက်ဒေသဖွံ့ဖြိုးရေး ခေါင်းစဉ်ဖြင့် ဒုတိယအကြိမ် ပြည်သူ့ စကားဝိုင်းကို ဇွန် ၂၇ ရက် မွန်းလွဲ ၁ နာရီက ဒန့်ဒလွန်ကျေးရွာ အခြေခံ ပညာအလယ်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သင်းသင်းအေးက ပြည်သူ့စကား ဝိုင်းဆွေးနွေးပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြား
သည်။
ထို့နောက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်နှင်းသစ်က စီးပွားရေးလုပ်ငန်းနှင့် ပတ်သက်ပြီး စိုက်ပျိုးသည့်နိုင်ငံ၊ ကုန်သွယ် သည့်နိုင်ငံများလည်း ရှိပါကြောင်း၊ ကျေးလက်နေပြည်သူ ၇ဝ ရာခိုင်နှုန်း သည် စိုက်ပျိုးရေးနှင့် အသက်မွေး ဝမ်းကျောင်းသည့်အတွက် ခေတ်မီ နည်းစနစ်များ သိရှိထားရန် လည်း ကောင်း၊ ရဲမှူး ကျော်ဆန်းက ဒေသ တစ်ခု ဖွံ့ဖြိုးရန်အတွက် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးတို့ လိုအပ်ပါကြောင်း၊ လုံခြုံမှုမရှိဘဲ ဒေသဖွံ့ဖြိုးရန်မဖြစ် နိုင်ကြောင်းနှင့် ကျေးလက်ဒေသ ပူးပေါင်းပါဝင်ဆောင်ရွက်ရန် လည်း ကောင်း၊ ဒေါက်တာ ပိုက်ထွေးက အခြေခံဖြစ်သည့် စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေးအတွက် လမ်းပန်းဆက်သွယ်ရေးများအကြောင်း ကို လည်းကောင်း၊ စာရေးဆရာ ဦးလှကျော်(ပန်းတောင်း)က ခေတ်မီ သည့် အတွေးအခေါ် ဗဟုသုတရှိရန် စာပေများကို လေ့လာဖတ်ရှုကြရန် လည်းကောင်း အသီးသီးဆွေးနွေးကြ ပြီး တက်ရောက်လာကြသူများက စိုက်ပျိုးရေး၊ မွေးမြူရေး၊ လုံခြုံရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် ပတ်သက် ၍ သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲသို့ ဒေသခံပြည်သူများ၊ လူမှုရေးအဖွဲ့အစည်းများ တက်ရောက်
ကြကြောင်း သိရသည်။
ပန်းတောင်း(ပြန်/ဆက်)

No comments:

Post a Comment