Thursday, June 28, 2018

မိုင်းဖြတ်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်း၍ လယ်ယာမြေအချို့ရေလွှမ်းပျက်စီး

Image may contain: outdoor, nature and water
မိုင်းဖြတ် ဇွန် ၂၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ်တွင် ဇွန် ၂၆ ရက် ညနေမှစ၍ မိုးအဆက်မပြတ် ရွာသွန်း ကာ တောင်ကျရေကြီးမှုကြောင့် ဇွန် ၂၇ ရက် နံနက်အစောပိုင်းက ဝမ်မိုင်ရပ်ကွက် ဝက်သတ်ရုံ အနီးရှိ ဈေးတန်းကွက်သစ်ရပ်ကွက်နေ တောင်သူ ဦးသာထူး၏ ဦးပိုင်အမှတ် ၅ လယ်မြေတစ်ဧကခန့် ရေတိုက်စားပြီး သဲကျောက်များဖုံးလွှမ်းပျက်စီး ခဲ့ကြောင်း သိရသည်။
ထို့ပြင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဝမ်ဟွေရပ်ကွက် ပြည်ထောင်စုလမ်းမကြီးဘေးရှိ ဦးဆန်းထွေးမိသားစု၏နေအိမ်ဘေးရှိ ရေမြောင်း တွင် အမှိုက်များ ပိတ်ဆို့ကာ ရေမြင့်တက်လာပြီး လူနေအိမ် နစ်မြုပ်ခဲ့သည်။
အဆိုပါ ရေမြောင်းတွင် ပိတ်ဆို့နေသော သစ်ကိုင်းများ၊ အမှိုက်များကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်နှင့် ဌာနဆိုင်ရာများ၏ ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာယာရေး ဝန်ထမ်းများ၊ သော်တာဝင်းဆောက်လုပ်ရေးကုမ္ပဏီမှ ဝန်ထမ်း များ၊ ရပ်ကွက်နေပြည်သူများ ပူးပေါင်းရှင်းလင်း ဆောင်ရွက်ပေးခဲ့သည်။
မိုင်းဖြတ် (ပြန်/ဆက်)

No comments:

Post a Comment