
မွန်ပြည်နယ်တွင် ယခုရက်များအတွင်း မုန်တိုင်းအရှိန် ကြောင့် မိုးရွာသွန်းမှုများပြားခဲ့ရာ မော်လမြိုင်ခရိုင်အတွင်းရှိ ရေလှောင်တမံများ၊ ကန်များသို့ ရေဝင်ရောက်မှုရှိခဲ့သော် လည်း ရေလှောင်တမံနှင့် ကန်များအားလုံး ကြံ့ခိုင်မှု ကောင်းမွန်ခြင်းကြောင့် စိုးရိမ်စရာမရှိကြောင်း မော်လမြိုင်
ခရိုင် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန
လက်ထောက်ညွှန်ကြားရေးမှူး ဦးမြဝင်းထံမှ သိရသည်။
ခရိုင် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန
လက်ထောက်ညွှန်ကြားရေးမှူး ဦးမြဝင်းထံမှ သိရသည်။
မော်လမြိုင်ခရိုင်အတွင်းရှိ ရေလှောင်တမံ သုံးခုဖြစ် သည့် ရွှေနတ်တောင်ရေလှောင်တမံ၊ အဇင်းရေလှောင်တမံ၊ ဝင်းဖနုံရေလှောင်တမံတို့တွင် မုန်တိုင်းအရှိန်ကြောင့် ရေလှောင်တမံအတွင်း ရေဝင်ရောက်မှုများပြားသော်လည်း ရေပြည့်မှတ်သို့ မရောက်ရှိသေးကြောင်းနှင့် ဇွန် ၁၈ ရက် ရေမှတ်အရ မော်လမြိုင်မြို့ရှိ ရွှေနတ်တောင်ရေလှောင်တမံ တွင် ရေပြည့်မှတ်ရောက်ရန် ၁၇ ဒသမ ၇ဝ ပေ မုဒုံမြို့ရှိ အဇင်းရေလှောင်တမံတွင် ရေပြည့်မှတ် ရောက်ရန် ၂၁ ဒသမ ၂ဝ ပေ၊ ဝင်းဖနုံရေလှောင်တမံတွင် ရေပြည့်မှတ် ရောက်ရန် ၉ ဒသမ ၂ဝ ပေ လိုသေးကြောင်း သိရသည်။
တမံများ၏ ရေပိုလွှဲမှ ရေကျော်စီးထွက်မှု မရှိသေး ကြောင်းနှင့် ရေလှောင်တမံများမှ ရေကိုသိုလှောင်ထား ပေးခြင်းဖြင့် ရေကြီးမှုကို လျော့နည်းသက်သာစေကြောင်း သိရသည်။
ဦးစီးအရာရှိ ဦးစောရှားထွန်းကျော်က ကန်ရေပြည့်မှတ် ထက် ကျော်လွန်လျှင်လည်း ရေပိုလွှဲမှရေကျော် စီးထွက်ပါ က မူလချောင်းရိုးအတွင်းသို့ စီးဝင်သွားခြင်းသာဖြစ် ကြောင်း၊ ရေပိုလွှဲ၏အဓိပ္ပာယ်မှာ ရေပြည့်သိုလှောင်ပမာဏ ထက် ကျော်လွန်ပြီး စီးဝင်လာသည့်ရေများကို မူလချောင်းထဲ သို့ စီးဝင်သွားစေဖို့ စနစ်တကျ ဒီဇိုင်းတွက်ချက်တည် ဆောက်ထားသော ရေအားအဆောက်အအုံ တစ်ခုဖြစ် ကြောင်း၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့်လည်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ကြိုတင်သတိပေးထုတ်ပြန်ချက်ကို အများ ပြည်သူများ သိရှိနိုင်ရေးအတွက် ဒေသဆိုင်ရာ အုပ်ချုပ် ရေး အဖွဲ့အစည်းများမှတစ်ဆင့် ထပ်ဆင့်ဖြန့်ဝေ အသိ ပေးဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။
ရေလှောင်တမံများတွင် ရေပြည့်မှတ်ကျော်လွန်မည့် အခြေအနေ ရောက်ရှိလာလျှင်လည်း အနိမ့်ပိုင်း ချောင်းရိုး တစ်လျှောက်တွင် နေထိုင်ကြသော ပြည်သူများထံသို့ ဌာန က အချိန်နှင့် တစ်ပြေးညီ အသိပေးသွားမည်ဖြစ်ကြောင်း ဦးစီးအရာရှိ ဦးအောင်စိုးထက်၏ ပြောပြချက်အရ သိရ သည်။
မင်းခန့်(မွန်)
No comments:
Post a Comment