
မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲ ၂ နာရီက ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့ အမှတ်(၄)ရပ်ကွက်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ကျင်းပရာ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မောင်မောင်ဦးက တရားဥပဒေစိုးမိုးရေးနှင့်မှုခင်းအသိပညာပေး ခေါင်းစဉ် ဖြင့်လည်းကောင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့(ဥက္ကဋ္ဌ)ဦးခင်မောင်ထွေးက မူးယစ်ဆေးဝါးအန္တရာယ်နှင့် လူငယ်များ၏အနာဂတ်ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ အတွင်းရေးမှူး ဒေါ်မေဆန်းရည် က အမျိုးသမီးများ အကြမ်းဖက်မှုမှ ကာကွယ်ရေး၊ မူးယစ်ဆေးဝါးကို ဝိုင်းဝန်း တိုက်ဖျက်ပေးခေါင်းစဉ်များဖြင့် အသီးသီးဟောပြောကြပြီး မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၌ ဆုရရှိကြသူများအား တာဝန်ရှိသူများက ဆုများပေးအပ် ချီးမြှင့်ခဲ့သည်။
ကိုလွင်(ဆွာ)
No comments:
Post a Comment