
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကယား ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ လွိုင်ကော်မြို့နယ် လူထုဗဟိုပြုစီမံကိန်းရုံးက အတူပူးပေါင်း သင်ယူတတ်ရန် ပြီးခဲ့သည့် စီမံကိန်းတွင် ရရှိလာသည့် အတွေ့အကြုံများကို မျှဝေပေးကာ ကြုံတွေ့ခဲ့မှုများအပေါ် သင်ခန်းစာယူပြီး နောင်လာမည့်နှစ်တွင် စီမံကိန်းအား မည်ကဲ့သို့ ပိုမိုကောင်းမွန်လာအောင် သုံးသပ်ဆွေးနွေး အကြံများ ပေးခြင်းတို့ဖြင့် ကျေးရွာလူထုအနေဖြင့် အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊ အစိုးရအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်တတ်လာပြီး လူထုဗဟိုပြု စီမံကိန်း လုပ်ငန်းများကို ပိုမိုအောင်မြင်ရေး အထောက်အကူပြု နိုင်စေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်သည်။
၂ဝ၁၇ - ၂ဝ၁၈ ခုနှစ် ဒုတိယနှစ်စက်ဝန်း မြို့နယ်အဆင့် သက်ဆိုင်သူ ပေါင်းစုံပါဝင်သော သုံးသပ်ဆွေးနွေးပွဲကို ဇွန် ၂ဝ ရက် နံနက် ၉ နာရီက လွိုင်ကော်မြို့ နောင်ယား (ခ) ရပ်ကွက်ရှိ မြို့နယ်ခန်းမ၌ ကျင်းပသည်။
ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ''လူထုဗဟိုပြုစီမံကိန်းကြောင့် ကျေးရွာလူထုအနေနဲ့ စီးပွား ရေး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးတွေ တိုးတက် ကောင်းမွန်လာတဲ့အပြင် အလုပ်အကိုင်အခွင့် အလမ်းတွေလည်း ရရှိလာပြီး တန်းတူပူးပေါင်းပါဝင်ခွင့်၊ လူတန်းစားမရွေး၊ လူမျိုးမရွေး၊ ဘာသာမရွေး၊ ကျား၊ မ မရွေးပါဝင် ဆောင်ရွက်ခွင့်၊ ပွင့်လင်းမြင်သာမှုနဲ့ တာဝန် ယူမှု၊ တာဝန်ခံမှု အလေ့အထများ တိုးပွားလာခြင်း၊ ကျေးရွာ လူထုအနေနဲ့ အစိုးရဌာနများနဲ့ ပူးပေါင်းဆောင်ရွက် တတ်တဲ့အလေ့အထများ ရရှိလာခြင်း၊ လုပ်အားခများ တစ်ဦးချင်း ဝင်ငွေတိုးပွားလာတဲ့အပြင် နည်းပညာစွမ်းရည်တိုးမြင့်လာမှုကြောင့် ဝင်ငွေပိုမိုရရှိတဲ့ အခြားစီးပွားရေး လုပ်ငန်းများသို့ သွားရောက်လုပ်ကိုင် ဆောင်ရွက်နိုင်ခြင်း စတဲ့အကျိုးကျေးဇူးတွေ ရရှိမှာဖြစ်ပါတယ်၊ ယခုသုံးသပ် ဆွေးနွေးပွဲမှာ လူထုဗဟိုပြုစီမံကိန်းရဲ့ အောင်မြင်မှုနဲ့ စိန်ခေါ်မှုများအပေါ် အခမ်းအနားတက်ရောက် လာကြတဲ့ ပုဂ္ဂိုလ်များက အပြုသဘောဆောင်ပြီး ဝေဖန်သုံးသပ် ပေးကြဖို့နဲ့ စီမံကိန်းကို ယခုထက် ပိုမိုအောင်မြင်လာအောင် ဝိုင်းဝန်းဆောင်ရွက်ပေးကြပါ''ဟု ပြောကြားသည်။ ဆက်လက်၍ ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဦးဘော့စ်ကိုက အမှာစကားပြောကြား
ခဲ့ကြောင်း သိရသည်။
ခဲ့ကြောင်း သိရသည်။
ထို့နောက် လွိုင်ကော် - ရှားတောမြို့နယ်လူထုဗဟိုပြု စီမံကိန်း၊ ဒုတိယနှစ်စီမံကိန်းလုပ်ငန်းစဉ်အကြောင်းကို စီမံကိန်း တာဝန်ခံ ဦးတင်ကိုလတ်က ရှင်းလင်းပြောကြားပြီး တက်ရောက်လာသူများက စီမံကိန်းလုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး ပွင့်လင်းစွာဆွေးနွေးခြင်း၊ စီမံကိန်းလုပ်ငန်း အားနည်းချက်၊ အားသာချက်များကို အုပ်စု ခုနစ်စုခွဲ၍ ဆွေးနွေးခြင်း၊ ဂျူရီအဖွဲ့များမှ အကဲဖြတ်အမှတ်ပေးခြင်း၊ ဆွေးနွေးထားသည့် အကြောင်းအရာများကို ပြန်လည် တင်ပြခြင်းများ ပြုလုပ်ခဲ့သည်။
ဆက်လက်၍ လုပ်ငန်းဆောင်ရွက်မှု အကောင်းဆုံး ဆုများ ရွေးချယ်ရေးလုပ်ငန်းစဉ်များကို မြို့နယ်စီမံကိန်း နည်းပညာအကြံပေးခေါင်းဆောင် ဒေါ်နော်ဂျူးလစ်က ရှင်းလင်းတင်ပြကာ စီမံကိန်းဒုတိယနှစ်စက်ဝန်းအတွင်း လုပ်ငန်းဆောင်ရွက်မှု အကောင်းဆုံးလုပ်ဆောင်ခဲ့သော ကျေးရွာအုပ်စုအဆင့်၊ ကျေးရွာအဆင့် ပထမ၊ ဒုတိယ၊ တတိယ အကောင်းဆုံး ဆုများကြေညာကာ တာဝန်ရှိသူ များက ဆုများအသီးသီး ချီးမြှင့်ခဲ့သည်။
ယင်းအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်
ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာမှတာဝန် ရှိသူများ၊ ကမ္ဘာ့ဘဏ်ကိုယ်စားလှယ်များ၊ နေပြည်တော် စီမံကိန်းကိုယ်စားလှယ်အဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၊ စီမံကိန်းကျေးရွာကော်မတီများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး များ တက်ရောက်ကြကြောင်း သိရသည်။
ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာမှတာဝန် ရှိသူများ၊ ကမ္ဘာ့ဘဏ်ကိုယ်စားလှယ်များ၊ နေပြည်တော် စီမံကိန်းကိုယ်စားလှယ်အဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၊ စီမံကိန်းကျေးရွာကော်မတီများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး များ တက်ရောက်ကြကြောင်း သိရသည်။
ကိုစိုင်း (လွိုင်ကော်)
No comments:
Post a Comment