Saturday, June 23, 2018

ကော့သောင်းမြို့ အခြေခံပညာ ကျောင်းများတွင် အစားအသောက် ဆိုင်ရာအန္တရာယ်များ အသိပညာပေး ဟောပြော

Image may contain: one or more people and crowd
ကော့သောင်း ဇွန် ၂၂
ကော့သောင်းမြို့ အခြေခံပညာ ကျောင်းများတွင် အစားအသောက် ဆိုင်ရာအန္တရာယ်များ အသိပညာပေး လုပ်ငန်းများကို စားသုံးသူရေးရာ ဦးစီးဌာနနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနတို့ ပူးပေါင်းကာ ဇွန် ၂၂ ရက် မွန်းလွဲပိုင်း က ကော့သောင်းမြို့ ဆယ်မိုင်ကျေးရွာ အုပ်စု တာညုံပါဒကျေးရွာ အခြေခံ ပညာအလယ်တန်းကျောင်း(ခွဲ) ၌ ကျင်းပသည်။
ဟောပြောပွဲတွင် ကော့သောင်းမြို့ နယ် စားသုံးသူရေးရာဦးစီးဌာနမှ ကျောင်းသား ကျောင်းသူများ ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချ သည့် အစားအသောက်များမှ စားသုံးရန်မသင့်သည့် အစားအစာ များ ရှောင်ရှားနိုင်ရေး သိကောင်းစရာ များ၊ ကျောင်းနေအရွယ် အမျိုးသမီး ငယ်များ သုံးစွဲသည့် အလှကုန်ပစ္စည်း များတွင်ပါရှိသည့် ဓာတုဗေဒ ဘေးထွက်ဆိုးကျိုးများကြောင့် ဖြစ်ပွား လာနိုင်သည့် အန္တရာယ် ကြိုတင် ကာကွယ်နိုင်ရေး သိမှတ်ဖွယ်ရာများ၊ ကော့သောင်းခရိုင် အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ကျောင်းသား ကျောင်းသူများနှင့် ဓာတုဗေဒဆိုးဆေးများ ပါဝင်သော အစားအသောက်များ သတိပြု ဆင်ခြင် စားသောက်တတ်ရေး ပညာပေးပြောကြားပြီး အစား အသောက်ဆိုင်ရာ သတိပြုရမည့် ပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကျော်စိုး (ကော့သောင်း)

No comments:

Post a Comment