Saturday, June 23, 2018

အာဇာနည်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း၏ ရှားပါးဓာတ်ပုံများပြသမည်

Image may contain: sky, house, plant, tree and outdoor
ရန်ကုန် ဇွန် ၂၂
(၇၁)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ်
ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ဗိုလ်ချို ၁ ရပ်ကွက် အမှတ် ၂၅ ဗိုလ်ချုပ်ပြတိုက်လမ်း (ယခင်တာဝါလိန်းလမ်း) ရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်အား အာဇာနည်နေ့မှ
စ၍နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ သုံးရက်တိုင်တိုင် ဖွင့်လှစ်ပြသပေးသွားမည်ဖြစ်ကြောင်းသိရသည်။
''ပုံမှန်က နံနက် ၉ နာရီခွဲကနေ ညနေ၄ နာရီခွဲအထိ ဖွင့်လှစ်ပြသပါတယ်၊ အာဇာနည်နေ့ အထိမ်းအမှတ်
ဖြစ်တဲ့အတွက် အချိန်တိုးမြှင့်ဖွင့်လှစ်ပေးတာပါ၊ ပုံမှန်
ရက်တွေမှာ နိုင်ငံခြားသားတွေ ဝင်ကြေးငါးထောင်
ပေးရပေမယ့် အဲဒီရက်တွေမှာ ဝင်ကြေးမပေးရဘဲ
ဝင်ရောက်ကြည့်ရှုလေ့လာခွင့်ပြုမှာပါ''ဟု ဗိုလ်ချုပ်
ပြတိုက်တာဝန်ခံ ဦးခင်မောင်စိုးက ပြောသည်။
ထို့အပြင်အာဇာနည်နေ့တွင်အများပြည်သူလာရောက် ကြည့်ရှုရာတွင်အဆင်ပြေချောမွေ့စေရန် ကြိုတင်ပြင်ဆင်မှု များကို ယခင်နှစ်များကဲ့သို့ ဆောင်ရွက်နေကြောင်းသိရ သည်။
''ဗိုလ်ချုပ်မိန့်ခွန်းတွေ၊ ရှားပါးဓာတ်ပုံတွေကို ဗီနိုင်း ထုတ်ပြီး အတက်လမ်းတစ်လျှောက်ပြသမယ်။ လာရောက် ကြည့်ရှုမယ့် ပြည်သူတွေ သွားတာလာတာအဆင်ပြေစေဖို့ လမ်းကျဉ်းတာတွေချဲ့တာရှိတယ်၊ အဆောက်အအုံ ကြံ့
ခိုင်မှုတွေကိုလည်း စစ်ဆေးတယ်၊ ရှေးဟောင်းအဆောက် အအုံပုံစံဆိုတော့ လက်ရာမပျက်ထိန်းသိမ်းရတာတွေရှိတယ်''ဟု ပြတိုက်တာဝန်ခံက ပြောသည်။
ဗိုလ်ချုပ်အောင်ဆန်းပြတိုက်သို့ ယခင်နှစ်အာဇာနည်နေ့ ၌ လာရောက်ကြည့်ရှုလေ့လာသူ ၃ဝဝဝဝ ကျော်ရှိကြောင်း ပုံမှန်ရက်များတွင် ပြည်တွင်းပြည်ပမှ လာရာက်လေ့လာသူ တစ်ရက်လျှင် ၈ဝ မှ ၉ဝ အထိရှိကြောင်း၊ ကျောင်းသား ကျောင်းသူများ လေ့လာရေးအဖြစ် လာရောက်ကြည့်ရှု ရာတွင် ၅ဝဝ မှ ၆ဝဝ အထိ လာရောက်လေ့လာကြောင်း သိရသည်။
ဗိုလ်ချုပ်အောင်ဆန်းသည် အဆိုပါ နေအိမ်အားမူလပိုင်ရှင်တရုတ်လင်မယားနှစ်ဦးထံမှ ငှားရမ်းနေထိုင်ခြင်း ဖြစ်ပြီး ၁၉၄၅ ခုနှစ် မေလ မှ ၁၉၄၇ ခုနှစ် ဇူလိုင်လအထိ နေထိုင်ခဲ့ကြောင်း၊ လုပ်ကြံခံရပြီးနောက် ၁၉၄၈ ခုနှစ် ဇူလိုင် ၈ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်းအထိမ်းအမှတ်ရန်ပုံငွေ
ကျခံလျက် ရန်ပုံငွေကြီးကြပ်ထိန်းသိမ်းရေး အမှုဆောင်
အဖွဲ့မှ မူလပိုင်ရှင်ထံမှ ငွေကျပ် ၃ဝဝဝဝ ဖြင့် ဝယ်ယူခဲ့ ကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်း ကွယ်လွန်ပြီးနောက် ကျန်ရစ်သူမိသားစုများ ဆက်လက်နေထိုင်ရာ ၁၉၅၃ ခုနှစ် တွင် နေအိမ်ခြံဝင်းအတွင်းရှိ ရေကန်တွင်သားလတ်ဖြစ်သူ အောင်ဆန်းလင်းရေနစ်သေဆုံးပြီးနောက် မည်သူမျှ ဆက် လက်နေထိုင်ခြင်းမရှိတော့ဘဲ နောက်ပိုင်းတွင် အများ ပြည်သူများကြည့်ရှုလေ့လာနိုင်ရန်ပြတိုက်အဖြစ် ဖွင့်လှစ် ထားကြောင်း သိရသည်။
ဇာနည်မောင်

No comments:

Post a Comment