Wednesday, June 20, 2018

ဘယ်လ်ဂျီယံနဲ့ ပနားမားပွဲစဉ်မှာ ဟာဇက်ညီအစ်ကို အတူပွဲထွက်ကစားခွင့်ရခဲ့

Image may contain: 2 people, outdoor
ကမ္ဘာ့ဖလားအုပ်စု(G)ရဲ့ အဖွင့်ပွဲစဉ်တစ်ပွဲ
ဖြစ်တဲ့ ဘယ်လ်ဂျီယံအသင်းနဲ့ ပနားမားအသင်း
တို့ပွဲစဉ်မှာ ဟာဇက်ညီအစ်ကိုနှစ်ဦးဖြစ်တဲ့ အေဒင်ဟာဇက်နဲ့ သော်ဂန်ဟာဇက်တို့ဟာ
အတူတကွ ပွဲထွက်ကစားခွင့်ရရှိခဲ့ပါတယ်။ အဲဒီ
ပွဲစဉ်မှာ အေဒင်ဟာဇက်ကို ပွဲထွက်လူစာရင်း
တွင် ထည့်သွင်းကာ သော်ဂန်ဟာဇက်ကိုတော့ ပွဲပြီးဖို့ ခုနစ်မိနစ် အလိုမှာ လူစားဝင်ကစား
သမားအဖြစ် ထည့်သွင်းကစားစေခဲ့တာ ပါ။ အဲဒီပွဲစဉ်မှာ ဘယ်လ်ဂျီယံအသင်း က သုံးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာ
ပါ။ ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက် မှာ အေဒင်ဟာဇက်နဲ့ သော်ဂန် ဟာဇက်တို့လို ညီအစ်ကိုနှစ်ဦးစလုံး
ပါဝင်ကစားခွင့်ရရှိခဲ့သည့်အသင်း
တွေရှိခဲ့ဖူးပြီး ၁၉၅၈ မှာ
ဂျွန်ချားလက်နဲ့ မယ်ချားလက်(ဝေးလ်)၊ ၁၉၆၆ မှာ ဘော်ဘီချာတန်နဲ့ ဂျက်ချာတန်(အင်္ဂလန်)၊ ၁၉၉ဝ မှာ ဖရန်ကိုအစ်နဲ့ အန်ဒရီ(ကင်မရွန်း)၊ အာဝင်နဲ့ ရော်နယ်ကိုးမန်း(ဟော်လန်)၊ ၁၉၉၄
နဲ့ ၁၉၉၈ မှာ ဖရန့်နဲ့ ရော်နယ်ဒီဘိုး(ဟော်လန်)၊ ၁၉၉၈ မှာ ဘရီယန်နဲ့ မိုက်ကယ်လောဒရပ်
(ဒိန်းမတ်)၊တိုရီအန်ဒရီနဲ့ ဂျော့စတိန်းဖလို (နော်ဝေ)၊ ၂ဝဝ၂ မှာ နီကိုနဲ့ ရောဘတ် ကိုဗက်(ခရိုအေးရှား)၊ ၂ဝဝ၆ နဲ့
၂ဝ၁၄ မှာ ကိုလိုတိုရေးနဲ့ ယာယာ
တိုရေး(အိုင်ဗရီကို့စ်) စတဲ့ ညီ
အစ်ကိုတွေအတူတကွ ပွဲထွက် ကစားခွင့် ရရှိခဲ့တာ
ဖြစ်ပါတယ်။
နိုင်လင်းကြည်

No comments:

Post a Comment