Tuesday, June 26, 2018

ဖျာပုံခရိုင်အတွင်းလမ်းမကြီးများ၌ ယာဉ်အလေးချိန်နှင့် စည်းကမ်းစစ်ဆေးခြင်းများဆောင်ရွက်

Image may contain: one or more people, sky, tree and outdoor
ဖျာပုံ ဇွန် ၂၅
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဖျာပုံမြို့နယ်အတွင်းရှိ အဝေးပြေးကားလမ်းမကြီးများ ယာဉ်အန္တရာယ်၊ လမ်း အန္တရာယ် ကင်းရှင်းရေး လှုပ်ရှားမှုများကို ဆောင်ရွက် လျက်ရှိရာ ဖျာပုံမြို့ထွက် ဖျာပုံ-ဘိုကလေး အဝေးပြေးကား လမ်းမကြီးပေါ်တွင် ဇွန် ၂၃ ရက်က ယာဉ်အလေးချိန်စစ်ဆေး ခြင်းနှင့် ယာဉ်စည်းကမ်းစစ်ဆေးခြင်းများကို ဖျာပုံမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ ခရိုင် လမ်းဦးစီး ဌာန လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ဦးကျော်ဇောနှင့် တာဝန်ရှိသူများ၊ ခရိုင်နှင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ အမှတ် (၈ဝ) ယာဉ်ထိန်း ရဲတပ်ဖွဲ့စုမှူးနှင့် တာဝန်ရှိ ရဲတပ်ဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်းဆောင်
ရွက်ခဲ့ကြကြောင်း သိရသည်။
''ဖျာပုံ-ဘိုကလေး အဝေးပြေးကားလမ်းမကြီးက ၁၉ မိုင်
၅ ဖာလုံရှိပါတယ်။ ဒီအဝေးပြေးကားလမ်းမကြီးက အခုအချိန် မှာ ကတ္တရာလမ်းဖြစ်နေပါပြီ၊ ဒါ့အပြင် ကွန်ကရစ်လမ်း အဖြစ် ဖျာပုံမြို့ထွက်နဲ့ ဘိုကလေးမြို့အဝင် နေရာအနီး ၂ မိုင် ၆ ဖာလုံကို ကွန်ကရစ်လမ်းအဖြစ် ဖောက်လုပ်ပေးထား ပါတယ်၊ ဖျာပုံ-ဘိုကလေး အဝေးပြေးကားလမ်းမကြီးက ဘိုကလေး - မော်ကျွန်း - ကျုံမငေး - ဝါးခယ်မ - မြောင်းမြ၊ ဘိုကလေး - စက်ဆန်း အဝေးပြေးကားလမ်းမကြီးတွေနဲ့ ဆက်သွယ်ဖောက်လုပ်ထားတော့ ပြည်သူတွေ လူမှုစီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးအတွက် လွန်စွာအရေးပါတဲ့ လမ်းမကြီးပါ'' ဟု ဖျာပုံခရိုင်လမ်းဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး(မြို့ပြ)ဦးကျော်ဇောက ပြောသည်။
ဖျာပုံခရိုင်အတွင်းရှိမြို့နယ်များ၏ လမ်းမကြီးများတွင် ယာဉ်အလေးချိန် စစ်ဆေးခြင်းနှင့် ယာဉ်စည်းကမ်းစစ်ဆေး ခြင်းများကို ဇွန်လအတွင်း ပထမပတ်မှစတင်၍ အပတ်စဉ် စနေနေ့တိုင်း ဆောင်ရွက်လျက်ရှိရာ လာမည့်ဇူလိုင် ၁ ရက်မှ စတင်၍ တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဖျာပုံခရိုင်လမ်းဦးစီးဌာန လက်ထောက်
ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်ဇောထံမှ သိရသည်။
၅၄ဝ

No comments:

Post a Comment