Tuesday, June 26, 2018

နိုင်ငံတကာ အိုလံပစ်နေ့အထိမ်းအမှတ် ဂျူဒိုပြိုင်ပွဲ ကျင်းပ

Image may contain: 5 people, people on stage and basketball court
ရန်ကုန် ဇွန် ၂၅
ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနနှင့် မြန်မာနိုင်ငံ ဂျူဒိုအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသော ၂ဝ၁၈ ခုနှစ် နိုင်ငံတကာအိုလံပစ်နေ့ အထိမ်း အမှတ် ဂျူဒိုပြိုင်ပွဲကို ရန်ကုန်မြို့ ဒဂုံ မြို့နယ် ဦးဝိစာရလမ်းရှိ မြန်မာနိုင်ငံ ဂျူဒိုအဖွဲ့ချုပ် အားကစားခန်းမ၌ ကျင်းပရာ အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် အဖွဲ့ချုပ် အမှုဆောင်များက ပြိုင်ပွဲတွင် ဆုရရှိသူ များအား ဆုများပေးအပ်ချီးမြှင့်သည်။
ပြိုင်ပွဲသို့ နွေရာသီကျောင်းပိတ် ရက်အတွင်း ဖွင့်လှစ်ခဲ့သော ဂျူဒို မောင်မယ်များက ဝင်ရောက်ယှဉ်ပြိုင် ကြသည်။ အဆိုပါပြိုင်ပွဲကို ၃၅ ကီလိုတန်း၊ ၄၅ ကီလိုတန်း၊ ၄၈ ကီလို တန်း၊ ၅၇ ကီလိုတန်း၊ ၆၆ ကီလိုတန်း၊ ၇ဝ ကီလိုတန်း၊ ၇၃ ကီလိုတန်း၊ ၇၈ ကီလိုတန်း၊ ၉ဝ ကီလိုတန်းနှင့် ၁ဝဝ ကီလိုတန်း အလိုက် ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း သိရသည်။
ပြိုင်ပွဲတွင် ဆုရကြသော ဂျူဒိုအားကစားမောင်မယ်များကို ဂျူဒိုအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးအေးကြည်၊ အဖွဲ့ချုပ်အမှုဆောင် ဦးဦးခိုင်၊ အဖွဲ့ချုပ်အတွင်းရေးမှူး ဒေါ်သီသီရှိန်တို့က ဆုများ အသီးသီးပေးအပ်ကြကြောင်း သိရသည်။
စောသိန်းဝင်း

No comments:

Post a Comment