Tuesday, June 26, 2018

အိမ်မဲမြို့ ၌ ၂ဝ၁၈ ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေကျပ် သိန်း တစ်သိန်းကျော် ထုတ်ချေး

Image may contain: 2 people, people sitting, people eating and indoor
အိမ်မဲ ဇွန်၂၅
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြ ခရိုင် အိမ်မဲမြို့၌ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ မြို့နယ်မန်နေဂျာ ဒေါ်ချယ်ရီတင်နှင့် ဝန်ထမ်းများကအိမ်မဲမြို့နယ်အတွင်းရှိ တောင်သူ လယ်သမားများအတွက် ၂ဝ၁၈ ခုနှစ်
မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေများကို
မေ ၁၈ ရက်မှစတင်၍ စိုက်ပျိုးမြေ တစ်ဧကလျှင် ကျပ် ၁၅ဝဝဝဝ နှုန်း
ဖြင့် ထုတ်ချေးပေးလျက်ရှိကြောင်းသိရသည်။
မိုးစပါး စိုက်ပျိုးစရိတ်ချေးငွေများ
ကို အိမ်မဲမြို့နယ်အတွင်းရှိ ကျေးရွာ
အုပ်စု ၉၈ အုပ်စုရှိ တောင်သူလယ်
သမား ၁၅၃၆၅ ဦးသို့ မိုးစပါးစိုက်ပျိုး
စရိတ်ချေးငွေသိန်းပေါင်း ကျပ် ၁၄၇ဝဝဝ
ထုတ်ချေးသွားရန် အိမ်မဲမြို့နယ်
မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ
စီစဉ်ဆောင်ရွက်ထားကြောင်း သိရ
သည်။ စတင်ထုတ်ချေးချိန်မှဇွန်
၂၅ ရက်အထိ ကျေးရွာ ၈၄ ရွာ
တောင်သူ ၉၉၅ဝ ၏စိုက်ပျိုးမြေဧက
၆၃၂ဝ၉ အတွက် ချေးငွေကျပ် ၉၄၈၁၃၅ဝဝဝဝ ထုတ်ချေးထားပြီး
ဖြစ်ကြောင်း သိရသည်။
ချစ်သက်လယ်(အိမ်မဲပြန်/ဆက်)

No comments:

Post a Comment