Saturday, June 23, 2018

ပန်းတောင်းမြို့နှင့် လက်ပံကျွန်း ဆက်သွယ်တံတား ဆက်လက်ဆောက်လုပ်ပေးရန် ဒေသခံများမျှော်လင့်နေ

Image may contain: tree, outdoor and nature
ပန်းတောင်း ဇွန် ၂၂
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပန်းတောင်း မြို့နယ်အတွင်းရှိ လက်ပံကျွန်းကျေးရွာနှင့် ပန်းတောင်းမြို့ပေါ်သို့သွားရန် ဆက်သွယ်ရေး တံတားအား ၂ဝ၁၄ ခုနှစ်တွင် စတင် တည်ဆောက်ခဲ့သော်လည်း ယနေ့တိုင် သွားလာမှုမရကြောင်း သိရသည်။
အဆိုပါတံတားမှာ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေကျပ် ၂၄၅ သိန်းဖြင့် အလျား ပေ ၁၂ဝ၊ အနံ ရှစ်ပေ၊ အမြင့် ၂၄ ပေရှိပြီး ၂ဝ၁၄ ခုနှစ် မေလ အတွင်းက မြို့နယ်စည်ပင်သာယာမှ တာဝန်ယူဆောင်ရွက်ခဲ့ပြီး တံတားမှာပြီးစီးမှု မရှိဘဲ ကျေးရွာလူကြီးများထံ အပ်နှံခဲ့ကြောင်း သိရသည်။ ထိုအချိန်က တံတားတည်ဆောက် ရန် တိုင်းတာစဉ် ချောင်းအကျယ်မှာ ပေ ၁၂ဝ ရှိသော်လည်း ဆောက်လုပ်စဉ် ချောင်း ကမ်းပါးပြိုကျမှုကြောင့် တံတားအကျယ် ပေ ၁၇ဝ ရှိသွားသဖြင့် ရန်ပုံငွေမလောက် ဖြစ်ကာ တံတားမှာ ပြီးစီးမှုမရှိနိုင်ဘဲ နှစ်စဉ် ချောင်းကမ်းပါးပြိုကျမှုကြောင့် တံတားအမြန် ပြီးစီးရေး ကွင်းဆင်းဆောင်ရွက်ပေးနိုင် ပါရန် ဒေသခံပြည်သူများက မျှော်လင့် နေကြောင်း သိရသည်။
အောင်မြင့်(ပန်းတောင်း)

No comments:

Post a Comment