Tuesday, June 5, 2018

ကုန်သွယ်ရေးပိတ်ဆို့မှုများ အမေရိကန် ပြုလုပ်လျှင်ကုန်သွယ်ရေး ဆွေးနွေးပွဲရလဒ် ပျက်ပြားနိုင်ဟု တရုတ်သတိပေး

Image may contain: sky and outdoor
ပေကျင်း ဇွန် ၎
တရုတ်နိုင်ငံလုပ် ကုန်ပစ္စည်းများအပေါ်တွင် သွင်းကုန်ခွန်ကြီးလေးစွာ ကောက်ယူမှုကို အမေရိကန်ပြည်ထောင်စုက ဆက်လက်ပြုလုပ် မည်ဆိုပါက နှစ်နိုင်ငံကုန်သွယ်ရေး ဆွေးနွေးပွဲ ၏ ရလဒ်များ အကောင်အထည်ပေါ်လာခြင်း မရှိဘဲ ပျက်ပြားသွားလိမ့်မည်ဟု တရုတ် အစိုးရအဖွဲ့က သတိပေးလိုက်ကြောင်း ဒေသ ဆိုင်ရာ သတင်းဌာနများက ဇွန် ၄ ရက်တွင် သတင်းထုတ်ပြန်သည်။
ပျက်ပြားသွားမည်
အမေရိကန်ပြည်ထောင်စုသည် စီးပွား ရေးပိတ်ဆို့မှုများ ဆက်လက်ပြုလုပ်မည်ဆိုပါ က နှစ်နိုင်ငံပြုလုပ်ခဲ့သော ကုန်သွယ်ရေး ဆွေးနွေးပွဲ၏ ရလဒ်များ ပြန်လည်ပျက်ပြားသွားမည်ဖြစ်ကြောင်း တရုတ်အစိုးရတာဝန်ရှိ သူများက ပြောကြားကြသည်။
တရုတ်နိုင်ငံလုပ် ဒေါ်လာဘီလီယံ ပေါင်းများစွာ တန်ဖိုးရှိ ကုန်ပစ္စည်းများကို အမေရိကန်က တင်သွင်းလျက်ရှိရာတွင် သွင်းကုန်ခွန်နှုန်းထားသစ်ဖြင့် ကြီးလေးစွာ အခွန်ကောက်ယူမည်ဖြစ်ကြောင်း အမေရိကန် အစိုးရအဖွဲ့က မေ ၂၉ ရက်တွင် ပြောကြားခဲ့ သည်။ လွန်ခဲ့သည့်လက တရုတ်နှင့် အမေ ရိကန်အကြား ကုန်သွယ်ရေးစစ်ပွဲရှောင်လွှဲ ကြရန် သဘောတူညီခဲ့မှုကို ပြန်လည်ချေဖျက် ကာ ယင်းသို့ ပြောကြားခြင်းဖြစ်သည်။
ကုန်သွယ်ရေးအရ ဒဏ်ခတ်ရေးအစီ အစဉ်ကို အမေရိကန်ဘက်မှ ပြုလုပ်ခြင်း မရှိသင့်ဟု တရုတ်အစိုးရအဖွဲ့က သတိပေး သည်။
တရုတ် ဒုတိယဝန်ကြီးချုပ် လျူဟဲနှင့် အမေရိကန် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဝီလ်ဘာရို့စ်တို့သည် ကုန်သွယ်ရေးဆိုင်ရာ ဆွေးနွေးပွဲကို ပြုလုပ်ခဲ့ကြသည်။ အမေရိကန် ဒေါ်လာ ဘီလီယံ ၅ဝ တန်ဖိုးရှိ တရုတ် ကုန်ပစ္စည်းများအပေါ် သွင်းကုန်ခွန် ထပ်မံ ကောက်ယူမည်ဟု အမေရိကန်အစိုးရက ခြိမ်း ခြောက်ခဲ့ပြီးနောက် ဝန်ကြီးရို့စ်က တရုတ် နိုင်ငံသို့ သွားရောက်ကာ ကုန်သွယ်ရေး ဆွေးနွေးပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ထိုစဉ်အတွင်း ကနေဒါနိုင်ငံ၌ ကျင်းပ သော ဂျီ-၇ အုပ်စု ဘဏ္ဍာရေးဝန်ကြီးများ၏ အစည်းအဝေးတွင် သံမဏိနှင့် အလူမီနီယမ် ကုန်ပစ္စည်းများအပေါ် အမေရိကန်က သွင်း ကုန်ခွန်ကြီးလေးစွာ ကောက်ယူရန် စီစဉ်ခြင်း နှင့်ပတ်သက်၍ အမေရိကန်၏မဟာမိတ်နိုင်ငံ များက ပြင်းထန်စွာ ဝေဖန်ကန့်ကွက်ခဲ့ကြ သည်။
အေအက်ဖ်ပီ

No comments:

Post a Comment