Wednesday, June 27, 2018

ထမ့်လုံခွန်နမ့် လိုဏ်ဂူအတွင်း ပိတ်မိနေသော လူငယ်များအားကယ်ဆယ်ရေးအဖွဲ့မှ ဆက်လက်ကူညီရှာဖွေလျက်ရှိ

Image may contain: 2 people, outdoor
မယ်ဆိုင် ဇွန် ၂၆
မြန်မာ-ထိုင်း နယ်စပ်ဖြစ်သော ထိုင်း နိုင်ငံ မယ်ဆိုင်မြို့ရှိ ထမ့်လုံခွန်နမ့် လိုဏ်ဂူအတွင်း ဇွန် ၂၃ ရက်က ဝင်ရောက်သွားကြသော ပိတ်မိနေကြ သည့် လူငယ်ဘောလုံးအသင်းဝင် ၁၃ ဦးအား ကယ်ဆယ်ရေးအဖွဲ့က ယနေ့နံနက်ပိုင်းအထိ ဆက်လက် ကူညီ ရှာဖွေလျက်ရှိကြောင်း၊ ထိုင်း နိုင်ငံရှိThai Pbs ရုပ်သံလိုင်းအပါ အဝင် ရုပ်သံသတင်းဌာနအသီးသီးမှ ယနေ့နံနက်ပိုင်းက တိုက်ရိုက်ထုတ်လွှင့် လျက်ရှိကြောင်း သိရသည်။
အဆိုပါလိုဏ်ဂူအတွင်း ပိတ်မိနေ သော ဘောလုံးအသင်းဝင် လူငယ် များအား ကယ်ထုတ်နိုင်ရေးအတွက် ဆက်လက်ကြိုးစားရှာဖွေလျက်ရှိပြီး ရဟတ်ယာဉ်ဖြင့် ဝေဟင်မှနေ၍ ဂူ၏ထိပ်အထက်ဘက်ရှိ တောင်ကြော တစ်ဝိုက် အနီးပတ်ဝန်းကျင်၌ ဂူ ထွက်ပေါက်များ ရှိနိုင်၊ မရှိနိုင်ကို ပျံသန်းကြည့်ရှုရှာဖွေလျက်ရှိကြကာ အကယ်၍ရှိခဲ့မည်ဆိုပါက အထူး ကယ်ဆယ်ရေးအဖွဲ့များ ဆင်းသက် ကယ်ဆယ်မည်ဖြစ်ကြောင်း သိရ သည်။
ဝက်ဝံတောင်ထိပ် (ဒွိုင်ဖာမီ) သစ်တောတစ်ဝိုက်တွင်လည်း ရိက္ခာ နှင့် မုန့်များ ဖြန့်ကြဲချထားပြီး လူငယ် များအနေဖြင့် လိုဏ်ဂူအတွင်းမှ ကံကောင်းစွာ ထွက်လာနိုင်ပါက အားအင်ပြည့်ဖြိုးစေရန်အတွက် အဆင်သင့်စားသုံးနိုင်ရန် စီမံ ဆောင်ရွက်ထားကာ အချက်ပြစနစ် များဖြင့် အသုံးပြုနည်းများကို စီမံ ဆောင်ရွက် ထားရှိရန်အတွက် ကယ်ဆယ်ရေးအဖွဲ့များအား ထိုင်း နိုင်ငံ ရေတပ်ကွန်မန်ဒိုအထူးတပ်ဖွဲ့က ညွှန်ကြားထားကြောင်း သိရသည်။
ဂူ၏အထက်ဘက်၌ လူတစ်ကိုယ် စာရှိသော ဂူပေါက်ငယ်များရှိပြီး ကျောက်မိုင်းခွဲသင့်၊ မခွဲသင့်ကို တာဝန်ရှိသူများက ဆွေးနွေးနေဆဲ ဖြစ်ကာ မလိုလားအပ်သော ဆုံးရှုံးမှု များလည်း မဖြစ်စေလိုကြောင်း သိရ သည်။
ဂူအတွင်းရှိ ရေများစုပ်ထုတ်ရာတွင် မီးစက်အသုံးပြု၍ မရသောကြောင့် အောက်ဆီဂျင်များ ပြတ်တောက်မည် စိုးရိမ်သဖြင့် လျှပ်စစ်မီးကိုသာ အသုံး ပြုနေရကြောင်း သိရကာ ထိုင်းနိုင်ငံ သုံး ဘတ်သုံးသိန်းတန်ဖိုးရှိ လျှပ်စစ် မီးကြိုးများ လာရောက်လှူဒါန်းသူများ လည်းရှိနေကြကြောင်း ထိုင်းရုပ်သံ သတင်းဌာနအသီးသီးက ဖော်ပြလျက် ရှိသည်။
ယနေ့နံနက် အစောပိုင်းက ထိုင်း နိုင်ငံရှိ အထူးတပ်ဖွဲ့များမှာ ဂူအတွင်း သို့ ဝင်ရောက်သွားကြပြီဖြစ်ပြီး ခြေလျင်အထူးတပ်ဖွဲ့နှင့် သစ်တော ဦးစီးဌာနမှအဖွဲ့များ၊ ကျွမ်းကျင် နယ်မြေခံလမ်းပြများဖြင့် ဖြန့်ခွဲကာ ဂူပေါက်(ဂယ်ပေါက်) ငယ်များအား ရှာဖွေနေကြကြောင်း၊ အဆိုပါ ဘောလုံးအသင်းဝင်များအား ရှာဖွေ တွေ့ရှိရေး ဆောင်ရွက်ရန်အတွက် နိုင်ငံတော်အဆင့် သတ်မှတ်လိုက်ပြီ ဖြစ်ကြောင်းနှင့် ထိုင်းနိုင်ငံ ပြည်ထဲရေး ဝန်ကြီးကိုယ်တိုင် လာရောက်၍ ကြီးကြပ်စောင့်ကြည့်သွားမည် ဖြစ် ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။
ယခုပျောက်ဆုံးနေသည့် ဘောလုံး အသင်းဝင်များထဲမှ လူငယ်ခြောက်ဦး မှာ အဆိုပါ ထမ့်လုံခွန်နမ့် လိုဏ်ဂူ အတွင်းသို့ ပြီးခဲ့သည့် ၂ဝ၁၆ ခုနှစ်က တစ်ကြိမ်ဝင်ရောက်ခဲ့ကြပြီး မှတ်တမ်း ဓာတ်ပုံများ ရိုက်ကူးဖူးခဲ့ကြကြောင်း၊ ယခု ဘောလုံးအသင်းဝင်များ၏ဖြစ်စဉ်မှာလည်း လိုဏ်ဂူအတွင်း နာရီပေါင်း ၅ဝ ကျော် အချိန်ကြာမြင့် ခဲ့ပြီဖြစ်သောကြောင့် အစာရေစာ ပြတ်လပ်၍ အားအင်ကုန်ခန်းကာ အသက်ရှူမှုဆိုင်ရာ အခက်အခဲများ ဖြစ်လာသဖြင့် အောက်ဆီဂျင်ရှိနိုင် မည့် လေပေါက်ရှိရာ အမြင့်ပိုင်းသို့ ဆက်လက်တိုးသွားနေကြနိုင်ဖွယ်ရာရှိကြောင်း၊ ယင်းဖြစ်စဉ်အား ကူညီ ဆောင်ရွက်ရန်အတွက် ဆွီဒင်နိုင်ငံမှ လိုဏ်ဂူကျွမ်းကျင်အဖွဲ့ ခြောက်ဦးမှာ လည်း ယနေ့တွင် လာရောက်ကူညီ ဆောင်ရွက်မည် ဖြစ်ကြောင်းနှင့် လူငယ်ဘောလုံးအသင်းဝင်များအား ရှာဖွေတွေ့ရှိမှုအခြေအနေမှာ မသေ ချာနိုင်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် ရုပ်သံသတင်းဌာနများ၏ ဖော်ပြချက် အရ သိရသည်။
ပွင့်သစ္စာ

No comments:

Post a Comment