Wednesday, June 27, 2018

မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြော

Image may contain: one or more people, people on stage and people standing
ရန်ကုန် ဇွန် ၂၆
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲကို ဇွန် ၂၂ ရက် နံနက် ၁ဝ နာရီတွင် အင်းစိန်မြို့နယ် အောင်ဆန်းရပ်ကွက် အောက်မင်္ဂလာ ဒုံလမ်းမ အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်း အောင်ဆန်း ခန်းမ၌ ကျင်းပရာ မြောက်ပိုင်းခရိုင် ပြန်/ဆက်ဦးစီးဌာန ခရိုင်ဦးစီးအရာရှိ ဒေါ်အေးအေးခိုင်က အသိပညာပေး ဟောပြောပွဲ ကျင်းပရခြင်းရည်ရွယ် ချက်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး တင်အေးက မူးယစ်ဆေးဝါးဆိုင်ရာ အန္တရာယ်နှင့် ဆိုးကျိုးများအကြောင်း၊ ပြန်/ဆက်ဦးစီးမှူး ဒေါ်ခင်နှင်းကြည် က မူးယစ်ဆေးဝါးကို ဝိုင်းဝန်း၍ တားဆီးကာကွယ်ကြရမည့်အကြောင်း နှင့် မြို့နယ်မူးယစ်ဆေးဝါး ဆန့်ကျင် ရေးအသင်းဥက္ကဋ္ဌ ဦးဘိုကြည်က မူးယစ်ဆေးဝါးအန္တရာယ် သိကောင်း စရာများကို ဟောပြောခဲ့ကြကြောင်း သိရသည်။
ကြေးမုံ

No comments:

Post a Comment