Wednesday, June 27, 2018

နှစ်နိုင်ငံ စစ်ရေးပူးပေါင်းမှု မြှင့်တင်နိုင်ရေးအမေရိကန်ကာကွယ်ရေးဝန်ကြီး ပေကျင်းသို့ ရောက်ရှိ

Image may contain: 3 people, people smiling, people standing
ပေကျင်း ဇွန် ၂၆
အမေရိကန်ကာကွယ်ရေးဝန်ကြီး ဂျိမ်းစ်မက် တစ်သည် တရုတ်နိုင်ငံသို့ လာရောက်သည့် ၎င်း၏ပထမဆုံးသော ခရီးစဉ်အဖြစ် မြို့တော် ပေကျင်းသို့ ဇွန် ၂၆ ရက်တွင် ဆိုက်ရောက် လာခဲ့ကြောင်း၊ အမေရိကန်နှင့် တရုတ်အကြား တင်းမာမှုမြင့်မားလာနေချိန်အတွင်း နှစ်နိုင်ငံ စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ပြုလုပ် နိုင်မည့်အခွင့်အလမ်းတစ်ရပ် ရရှိရန် ၎င်းက မျှော်လင့်ကြောင်း ဒေသဆိုင်ရာသတင်းဌာန များက သတင်းထုတ်ပြန်သည်။
အမေရိကန်နှင့်တရုတ်အကြား ကုန်သွယ် ရေးစစ်ပွဲအရှိန်အဟုန် မြင့်တက်လာနေချိန်နှင့် တောင်တရုတ်ပင်လယ်ပြင်အတွင်း ပိုင်နက် အငြင်းပွားမှုဖြစ်ပေါ်နေသော ကျွန်းစုများပေါ် တွင် တရုတ်နိုင်ငံက လက်နက်များဖြန့်ကြက် မှု ပြုလုပ်နေချိန်တို့အတွင်း ကာကွယ်ရေး ဝန်ကြီး မက်တစ်၏ ခရီးစဉ်ဖြစ်ပေါ်လာသည်။
နျူကလီးယားလက်နက်တိုက်ကို မြောက် ကိုရီးယားဖျက်သိမ်းရေးအပါအဝင် နှစ်နိုင်ငံ စလုံး၏ အကျိုးစီးပွားများနှင့် သက်ဆိုင် နေသော နယ်ပယ်ရပ်များတွင် ပူးပေါင်း ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို မိမိ ရှာဖွေသွားမည်ဖြစ်ကြောင်း ဝန်ကြီးမက်တစ်က ပြောကြားသည်။
ဆွေးနွေးမည်
ဝန်ကြီးမက်တစ်သည် တရုတ်ကာကွယ် ရေးဝန်ကြီး ဝေဖန်းဟဲနှင့် ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးမည်ဖြစ်ပြီး အခြားသော ထိပ်တန်း တာဝန်ရှိသူများနှင့်လည်း တွေ့ဆုံ ဆွေးနွေးမည်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြ သည်။
လွန်ခဲ့သည့်လေးနှစ်က အမေရိကန် ကာကွယ်ရေးဝန်ကြီး တစ်ဦး တရုတ်နိုင်ငံသို့ လာရောက်ခဲ့ဖူးကြောင်း၊ မိမိတို့ နှစ်နိုင်ငံ အကြား အဆက်အသွယ်ပြုမှု ခိုင်မာတိုးတက် ရန် လိုအပ်ကြောင်း ဝန်ကြီးမက်တစ်က ပြောကြားသည်။
မိမိတို့နှစ်နိုင်ငံဆက်ဆံရေး တိုးတက်လာ စေမည့် အကြောင်းတရား တစ်ရပ်အဖြစ် နှစ်ဖက်စစ်ရေးဆက်ဆံမှု တိုးတက်စေရန် လုပ်ကိုင်သွားမည်ဖြစ်ကြောင်း ဝန်ကြီးမက် တစ်၏ ခရီးစဉ်အကြိုကာလတွင် တရုတ် ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သော ကြေညာချက်တစ်ရပ်တွင် ဖော်ပြထားသည်။
ဝန်ကြီး မက်တစ်သည် တရုတ်နိုင်ငံအား ဝေဖန်နေခြင်းထက် တရုတ်နိုင်ငံ၏ပြောဆို ချက်ကို အလေးအနက် နားထောင်သင့်သည် ဟု တရုတ်နိုင်ငံပိုင် ဂလိုဘယ်တိုင်းမ်သတင်းစာ ကလည်း သတိပေးရေးသားခဲ့သည်။
ဝန်ကြီးမက်တစ်သည် အရှေ့အာရှဒေသ သို့ သွားရောက်သည့်လေးရက်ကြာ ခရီးစဉ် အတွင်း တောင်ကိုရီးယားနှင့်ဂျပန်နိုင်ငံတို့ သို့လည်း ဆက်လက်သွားရောက်မည်ဖြစ်သည်။
အေအက်ဖ်ပီ

No comments:

Post a Comment