Thursday, June 28, 2018

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း တရုတ်နိုင်ငံ ဒုတိယသမ္မတ၊ အမျိုးသားပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီဥက္ကဋ္ဌတို့နှင့် တွေ့ဆုံဆွေးနွေး

Image may contain: 2 people, people sitting and indoor
ပေကျင်း ဇွန် ၂၇
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့၌ ရောက်ရှိနေ သော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့ ဒေသစံတော်ချိန် နံနက် ၉ နာရီခွဲတွင် ပေကျင်း မြို့ Zhong Nan Hai Zi Guang Ge ၌ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဒုတိယသမ္မတ H.E.Mr. Wang Qishanနှင့် တွေ့ဆုံဆွေးနွေးသည်။
အမြင်ချင်းဖလှယ်ဆွေးနွေး
တွေ့ဆုံစဉ် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ဆက်ဆံရေး တိုးတက်မြင့်မားစေခြင်းဖြင့် နှစ်နိုင်ငံစီးပွားရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ အတူတကွ ဖွံ့ဖြိုး တိုးတက်စေရေး၊ ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်ရေးနှင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်များတွင်လည်း ကူညီဆောင်ရွက်ပေးရေးတို့နှင့် စပ်လျဉ်း၍ ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
အလားတူ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်း ခိုင်သန်းသည် ဒေသစံတော်ချိန် ညနေ ၄ နာရီခွဲတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့ ပြည်သူ့ခန်းမ ဆောင်ကြီး အစည်းအဝေးခန်းမ၌ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အမျိုးသားပြည်သူ့ကွန်ဂရက် အမြဲတမ်း ကော်မတီဥက္ကဋ္ဌ H.E.Mr. Li Zhanshu နှင့် တွေ့ဆုံ ဆွေးနွေးသည်။
တွေ့ဆုံစဉ် တရုတ်-မြန်မာ နှစ်နိုင်ငံအကြား အစဉ် အလာရှိသော ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင် ရွက်မှုမှသည် ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်ရေး၊ နှစ်နိုင်ငံအစိုးရအချင်းချင်း၊ လွှတ်တော် အချင်းချင်း ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံပြည်သူလူထုအကြား ဆွေးမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှုရှိစေရေး၊ ထာဝရအိမ်နီးချင်းကောင်း ဖြစ်စေရေးအတွက် အတူတကွ အစဉ်ကြိုးစားဆောင်ရွက် ရေး၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တိုင်းတွင် ကူညီဆောင်ရွက်ပေးရေးတို့နှင့်စပ်လျဉ်း၍ အမြင်ချင်း ဖလှယ်ဆွေးနွေးကြသည်။
အဆိုပါ တွေ့ဆုံပွဲများသို့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့်အတူ အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဥာဏစိုး၊ မြန်မာ-တရုတ်လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေး အသင်းအဖွဲ့ဝင် ဦးကင်းရှိန်၊ ဦးဝေစိန်အောင်၊ နိုင်ငံတကာ ဆက်ဆံရေး၊ လွှတ်တော်ချင်းချစ်ကြည်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးကော်မတီအဖွဲ့ဝင် ဦးခွန်သိန်းဖေ၊ ကျန်းမာ ရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာ ကော်မတီအဖွဲ့ဝင် နော်ဆာမူထူး၊ ပြည်တွင်း၊ ပြည်ပ အလုပ်သမားဆိုင်ရာ ကော်မတီအဖွဲ့ဝင် ဒေါ်စန်းစန်းမြင့်၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်း နှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက် ကြသည်။
လက်မှုပညာများကြည့်ရှု
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ဒေသစံတော်ချိန် နံနက် ၁ဝ နာရီတွင် ပေကျင်းမြို့ရှိ ရှေးဟောင်းနန်းတော်သို့ ရောက်ရှိကြပြီး မင်မင်းဆက် မှ ချင်မင်းဆက်တိုင်အောင် စိုးစံခဲ့သည့် နန်းတော်၏ တရုတ်ဗိသုကာပညာနှင့် လက်မှုပညာများကို ကြည့်ရှု လေ့လာကြသည်။
အဆိုပါ နန်းတော်ကြီးသည် ပေကျင်းမြို့၏ မြို့လယ် တွင် တည်ရှိပြီး ကမ္ဘာပေါ်တွင် ခရီးသွားအများဆုံး လာရောက်လေ့လာသည့် နေရာတစ်ခုဖြစ်သည်။ ၁၉၈၇ ခုနှစ်တွင် ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်ဆိုင်ရာ နေရာ အဖြစ် သတ်မှတ်ခံရသည်။ ရှေးဟောင်းနန်းတော်တွင် အဆောင်ပေါင်း ၉၈ဝ ရှိပြီး နေ့စဉ်လာရောက်ကြည့်ရှုသူ တစ်သောင်းကျော်မှ အများဆုံး လာရောက်ကြည့်ရှုသူ ၈ဝဝဝဝ အထိရှိကြောင်း မှတ်တမ်းများအရ သိရှိရသည်။
ထို့နောက် ဒေသစံတော်ချိန် နံနက် ၁၁ နာရီခွဲတွင် အမျိုးသားပြတိုက်သို့ ရောက်ရှိကြပြီး ပြခန်းအလိုက် ခင်းကျင်းထားရှိသော ယဉ်ကျေးမှုအမွေအနှစ်များ၊ ငွေထည်ပစ္စည်းများ၊ ပန်းချီကားများနှင့် နိုင်ငံအလိုက် ခေါင်းဆောင်များမှ ပေးပို့ထားသည့် လက်ဆောင်ပစ္စည်း များအား တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြ သည်။
ဆက်လက်၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့်အဖွဲ့ သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံး ၌ မြန်မာသံရုံးမိသားစုများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်းနှင့် မြန်မာသံရုံးမိသားစုများက တည်ခင်း သော နေ့လယ်စာစားပွဲသို့ တက်ရာက်ကြသည်။
မွန်းလွဲပိုင်းတွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့်အဖွဲ့ တို့သည် တရုတ်လယ်ယာစိုက်ပျိုးရေး အကယ်ဒမီသို့ ရောက်ရှိကြပြီး တာဝန်ရှိသူများက စိုက်ပျိုးရေးနည်းပညာ များ၊ မျိုးကောင်းမျိုးသန့်ရရှိမှု၊ ပျိုးထောင်မှုနည်းပညာ နှင့် သုတေသနလုပ်ငန်းများအကြောင်း ရှင်းလင်းပြသ ကြသည်။
သတင်းစဉ်

No comments:

Post a Comment