Thursday, June 28, 2018

ဒေါက်တာဘွဲ့ရ ဘဒ္ဒန္တပညာသာမိ အောင်မင်္ဂလာဆရာတော်အား မြောက်ဦးမြို့၌ ဂုဏ်ပြုကြိုဆို

Image may contain: 2 people, people smiling, indoor
မြောက်ဦး ဇွန် ၂၇
အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့ နက္ခတ္တဗေဒတက္ကသိုလ်မှ ချီးမြှင့်သော ဒေါက်တာ ဘွဲ့ရ ရခိုင်ပြည်နယ် မြောက်ဦးခရိုင် မြောက်ဦးမြို့ အောင်မင်္ဂလာကျောင်းတိုက် သာသနာ့ဓဇဓမ္မာစရိယ မဟာဂန္ထဝါစကပဏ္ဍိတ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော် ဘဒ္ဒန္တပညာသာမိအား ဂုဏ်ပြုကြိုဆိုပွဲအခမ်းအနားကို ဇွန် ၂၇ ရက် ညနေ ၃ နာရီက အဆိုပါ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံအတွင်း၌ ကျင်းပခဲ့သည်။
အဆိုပါ ဂုဏ်ပြုကြိုဆိုပွဲသို့ အောင်မင်္ဂလာရပ်ကွက်မှ ဝတ်ရွတ်အဖွဲ့များ၊ ပင့်ဖိတ်ထားသော ဆရာတော်၊ သံဃာတော်များ၊ ရဟန်းရှင်လူပြည်သူများ၊ တပည့် ဒါယကာ ဒါယိကာမများ၊ ရပ်ကွက်သူ ရပ်ကွက်သားများက အောင်မင်္ဂလာရပ်ကွက်အတွင်းရှိ လမ်းဘေး ဝဲ၊ ယာတစ်လျှောက် ဆရာတော် အား ဖူးမြော်ကြည်ညိုကြသည်။
ထို့နောက် တက်ရောက်လာကြသော ဆရာတော်၊ သံဃာတော်များနှင့် လူပရိသတ်များက နမောတဿသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ် သည်။
ဆက်လက်၍ အောင်မင်္ဂလာကျောင်းတိုက်ဆရာတော်ကြီးအား ကန်တော့ ကြပြီးနောက် သျှစ်သောင်းကျောင်းတိုက်ဆရာတော်နှင့် နန်းသာကန် ကျောင်းတိုက်ဆရာတော် အရှင်သူမြတ်တို့က ဂုဏ်ပြုဝမ်းမြောက်စကား ချီးမြှင့် ကြသည်။
ယင်းနောက် အောင်မင်္ဂလာကျောင်းတိုက်ဆရာတော်ကြီးက သြဝါဒ စကားမြွက်ကြားရာတွင် မြို့သူ မြို့သားများ၊ ရပ်သူ ရပ်သားများအား ဆရာတော် အနေဖြင့် လူမှုရေး၊ ဘာသာရေးနှင့် အခြားသောကိစ္စရပ်များကို ကြိုးစား ဆောင်ရွက်ခဲ့သည့်အတွက် ယခုလို ဒေါက်တာဘွဲ့တံဆိပ်အား ချီးမြှင့်အပူဇော် ခံရခြင်းဖြစ်ကြောင်း မိန့်ကြားခဲ့ပြီး ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုကာ ဂုဏ်ပြုပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)

No comments:

Post a Comment