Friday, June 29, 2018

ရဝမ်ဒါ၌ ဗော်စဝေဂွန်ယာဉ် စတင်ထုတ်လုပ်ပြီ


Image may contain: car and outdoor======

ကီဂါလီ ဇွန် ၂၈
ရဝမ်ဒါနိုင်ငံ၏ ပထမဆုံးသော မော်တော်ယာဉ်ထုတ်လုပ်ရေးစက်ရုံ၌ ပထမမြောက် ဗော်စဝေဂွန် မော်တော်ယာဉ် တပ်ဆင်ထုတ်လုပ်နိုင်မှုအခမ်းအနားကို ဇွန် ၂၈ ရက်က မြို့တော်ကီဂါလီတွင် ကျင်းပရာ သမ္မတ ပေါလ်ကာဂါမဲနှင့် ဗော်စဝေဂွန် တောင်အာဖရိက ဌာနခွဲအကြီးအကဲ သောမတ်ရှာဖာတို့ တက်ရောက်ခဲ့ကြကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက ဇွန် ၂၈ ရက် တွင် သတင်းထုတ်ပြန်သည်။
၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလတွင် ရရှိခဲ့သော သဘောတူညီချက်တစ်ရပ်အရ ဗော်စဝေဂွန် မော်တော်ယာဉ် တပ်ဆင်ထုတ်လုပ်ရေးစက်ရုံကို ဒေါ်လာ သန်း ၂ဝ(ယူရို ၁၇ သန်း)မတည် ရင်းနှီးကာ ထူထောင်ဖွင့်လှစ်ခဲ့သည်။ဂျာမနီလုပ် မော်တော်ယာဉ်များကို အာဖရိကတိုက်ရှိ ရဝမ်ဒါနိုင်ငံ၌ ထုတ်လုပ်ရန် ဖြစ်နိုင်ပါမည်လောဟု လူအချို့က သံသယပွားခဲ့ကြကြောင်း၊ သို့ရာတွင် ရဝမ်ဒါနိုင်ငံ၌ ဗော်စဝေဂွန် ယာဉ်များကို ယနေ့မှစ၍ စတင်ထုတ်လုပ်ပြီဖြစ်ကြောင်း သမ္မတဂါမဲက ပြောကြားသည်။
ရဝမ်ဒါနိုင်ငံ၏ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွင် အခန်းကဏ္ဍသစ်တစ်ရပ်ကို ဖွင့်လှစ် နိုင်မှု၏ ပြယုဂ်အဖြစ် ဗော်စဝေဂွန်ကားစက်ရုံကို တွေ့မြင်နိုင်ကြောင်း ၎င်းက ပြောကြားသည်။
သမ္မတဂါမဲသည် နိုင်ငံခြားသွင်းကုန်အစားထိုးရေးအတွက် ပြည်တွင်း၌ ထုတ်လုပ်မှု လုပ်ငန်းမြှင့်တင်ရန် မူဝါဒကို ချမှတ်ခဲ့သူဖြစ်သည်။ အမေရိကန်ပြည်ထောင်စုမှ ရဝမ်ဒါနိုင်ငံသို့ တင်ပို့နေသော တစ်ပတ်ရစ်အဝတ်အစားများ အောတိုက်ဝင်ရောက်လာနေမှုနှင့် ပတ်သက်၍ ၎င်းက ပြစ်တင်ပြောကြားခဲ့သည်။ မိမိတို့၏နိုင်ငံသည် တစ်ပတ်ရစ်ကားများ အောတိုက်ဝင်ရောက် လာမှုကိုလည်း လက်ခံနိုင်မည်မဟုတ်ကြောင်း ၎င်းက ပြောကြားသည်။
အေအက်ဖ်ပီ

No comments:

Post a Comment