Friday, June 29, 2018

ကမ္ဘာ့ဖလားချန်ပီယံအသင်းများ အုပ်စုအဆင့်ကနေထွက်ခဲ့ရမှုသုံးကြိမ်ဆက်တိုက်ဖြစ်ပေါ်ခဲ့

Image may contain: 2 people, people playing sports and outdoor
ဂျာမနီအသင်းဟာဆိုရင် ကမ္ဘာ့ဖလားမှာ အောင်မြင်မှုရှိထားတဲ့အသင်းတစ်သင်းပါ။ ဘရာဇီးနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့တဲ့ ၂ဝ၁၄ ကမ္ဘာ့ဖလားမှာလည်း ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အခုရုရှားနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပနေတဲ့ ၂ဝ၁၈ ကမ္ဘာ့ ဖလားပြိုင်ပွဲမှာတော့ တောင်ကိုရီးယားကို ရှုံးနိမ့်ခဲ့ရ တာကြောင့် အုပ်စုအဆင့်ကနေပဲ ကမ္ဘာ့ဖလား ပြိုင်ပွဲကို နှုတ်ဆက်သွားခဲ့ရပါတယ်။
ဂျာမနီအသင်းဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲတွေမှာ လေးကြိမ်အထိ ဗိုလ်စွဲ ထားတဲ့အသင်းဖြစ်ပြီး လက်ရှိ ကမ္ဘာ့အဆင့်သတ်မှတ်ချက်မှာ လည်း အဆင့်(၁)နေရာကနေ ရပ်တည်နေတဲ့အသင်း တစ်သင်း ဖြစ်ပါတယ်။ ဒါပေမယ့် အခု တောင်ကိုရီးယားအသင်းကို ရှုံးနိမ့် ခဲ့တာကြောင့် ကမ္ဘာ့ဖလားကို အုပ်စု အဆင့်ကနေ နှုတ်ဆက်သွားခဲ့ရပါပြီ။ အဲဒီလို လက်ရှိချန်ပီယံအသင်း ကမ္ဘာ့ ဖလားပြိုင်ပွဲရဲ့ အုပ်စုအဆင့်ကနေ ထွက်ခဲ့ရ ခြင်းဟာ သုံးကြိမ်ဆက်တိုက်ဖြစ်ပေါ်ခဲ့ပါတယ်။ အဲဒါကတော့ ၂ဝဝ၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အီတလီအသင်းဟာ ချန်ပီယံဖြစ်ခဲ့ပြီး ၂ဝ၁ဝ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာတော့ ပါရာဂွေးနဲ့ နယူးဇီလန်ကို သရေကျပြီး ဆလိုဗက်ကီးယားကို ရှုံးနိမ့်ခဲ့တာကြောင့် အီတလီအသင်း ကမ္ဘာ့ဖလားအုပ်စုအဆင့်ကနေ ထွက်ခဲ့ရတာပါ။ အဲဒီလိုပဲ ၂ဝ၁ဝ ကမ္ဘာ့ ဖလားမှာ ချန်ပီယံဖြစ်ခဲ့တဲ့ စပိန်အသင်းကလည်း ဘရာဇီးနိုင်ငံမှာ ကျင်းပတဲ့ ၂ဝ၁၄ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ သြစတြေးလျအသင်းကို သုံးဂိုးပြတ်နိုင်ခဲ့ပေမယ့် နယ်သာလန်အသင်းကို ငါးဂိုး-တစ်ဂိုး၊ ချီလီအသင်းကို နှစ်ဂိုး-ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တာကြောင့် အုပ်စုအဆင့်ကနေ ထွက်ခဲ့ရတာပါ။
ဒါဟာ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စုအဆင့်ကနေ ချန်ပီယံအသင်းထွက်ခဲ့ရမှု နှစ်ကြိမ် မြောက်ဖြစ်ပြီး အခုတစ်ကြိမ်မှာလည်း ဂျာမနီအသင်းက ၂ဝ၁၄ ကမ္ဘာ့ဖလားချန်ပီယံအဖြစ် ကနေ ၂ဝ၁၈ ကမ္ဘာ့ဖလားမှာတော့ အုပ်စုအဆင့်မှာထွက်ခဲ့ရတာပါ။ ဂျာမနီအသင်းဟာ ဆွီဒင်အသင်းကို နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့ပေမယ့် မက္ကဆီကိုအသင်းကို တစ်ဂိုး-ဂိုးမရှိ၊ တောင်ကိုရီးယားအသင်းကို နှစ်ဂိုး-ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီး ပြိုင်ပွဲကနေ ထွက်ခဲ့ရတာဖြစ်ပါတယ်။
ဂျာမနီအသင်း၊ အီတလီအသင်းနဲ့ စပိန်အသင်းတို့လို လက်ရှိချန်ပီယံအဖြစ်ကနေ အုပ်စု အဆင့်နဲ့ ပြိုင်ပွဲမှထွက်ခဲ့ရတဲ့အသင်းတစ်သင်းရှိခဲ့ပြီး အဲဒီအသင်းကတော့ ပြင်သစ်အသင်းပါ။ ပြင်သစ်အသင်းကလည်း ၁၉၉၈ ကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့ပြီး ၂ဝဝ၂ ကမ္ဘာ့ဖလားမှာ အုပ်စု အဆင့်ကနေ ထွက်ခဲ့ရတာဖြစ်ပါတယ်။
ငွေကြယ်

No comments:

Post a Comment