Thursday, June 28, 2018

မြောက်ယမားဆည်မှ စိုက်ပျိုးရေ ဇူလိုင် ၁ ရက်မှ စတင်ဖြန့်ဝေမည်

Image may contain: sky, ocean, outdoor, water and nature
မုံရွာ ဇွန် ၂၇
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ပုလဲမြို့နယ်အတွင်းရှိ မြောက်ယမားဆည်မှ စိုက်ပျိုးရေကို ဇူလိုင် ၁ ရက်မှစတင်ပြီး ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း ခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး
ဦးစီးဌာနမှ သိရသည်။
''မြောက်ယမားဆည်မှာ မြောင်းမကြီး၊ လက်ဝဲ၊ လက်ယာတိုးချဲ့တူးမြောင်းဆိုပြီး ရေပေးတဲ့မြောင်းမကြီး သုံးခုကနေ စိုက်
ပျိုးရေကိုလည်း အလုံအလောက်ဖြန့်ဝေ ပေးနိုင်မှာပါ။ အခုနှစ် မိုးဦးကာလမှာ မိုး
များတဲ့အတွက် ရေကူတမံနဲ့ ဆည်အတွင်း မှာ ဆည်ရေကို အပြည့်အဝ လှောင်ထားပါ တယ်၊ မြောင်းမကြီး ပြုပြင်ခြင်းလုပ်ငန်း အားလုံးပြီးစီးသွားရင် ယင်းမာပင်နဲ့ ပုလဲ
မြို့နယ်အတွင်းက နွေရာသီနဲ့ မိုးရာသီမှာ စိုက်ပျိုးရေကို ဖြန့်ဝေပေးနိုင်တော့မှာ
ပါ'' ဟု ခရိုင်ဆည်မြောင်းနှင့် ရေအသုံး
ချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးမျိုးနိုင်က ပြောကြား သည်။
မြောက်ယမားဆည်တွင် ယနေ့အချိန် အထိ စိုက်ပျိုးရေအတွက် ဆည်ရေအမှတ် ၄၈၈ ဒသမ ၃ ပေသို့ ရောက်ရှိလျက်ရှိ ကြောင်း ခရိုင်ဆည်မြောင်းနှင့် ရေအသုံးချ မှု စီမံခန့်ခွဲရေးဦးစီးဌာနမှ လက်ထောက်
ညွှန်ကြားရေးမှူး ဦးမျိုးနိုင်၏ ပြောကြား ချက်အရ သိရသည်။
ဝင်းဦး (ဇေယျာတိုင်း)

No comments:

Post a Comment