Thursday, June 28, 2018

ကြားဖြတ်ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေး

Image may contain: people sitting and indoor
မန္တလေး ဇွန် ၂၇
၂ဝ၁၈ ခုနှစ် နိုဝင်ဘာ ၃ ရက်တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင် ရေး မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲနှင့်အဖွဲ့ဝင်များ တွေ့ဆုံဆွေးနွေး ပွဲကို မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေး တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ဇွန် ၂၆ ရက် နံနက် ၁ဝ နာရီက ကျင်းပသည်။
မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့်အဖွဲ့ဝင်များက မိတ်ဆက်ပြီး မန္တလေး တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးရှိန်ဝင်းက အဖွင့်အမှာစကားပြောကြား သည်။ ထို့နောက် တက်ရောက်လာသော တိုင်း ဒေသကြီးရွေးကောက်ပွဲ
ကော်မရှင်အဖွဲ့ခွဲ အဖွဲ့
ဝင်များက ကြားဖြတ် ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင် ထားရှိမှု များကို တင်ပြဆွေးနွေး သည်။
ထို့နောက် တိုင်းဒေသ ကြီး ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ က တာဝန်များ ခွဲဝေချ
ထားခြင်း၊ ပြဋ္ဌာန်းထား သော ဥပဒေ၊ နည်းဥပဒေ၊
အမိန့် ညွှန်ကြားချက်များ နှင့်အညီ ဆောင်ရွက်ရန်
နှင့် ဥပဒေ၊ နည်းဥပဒေ လုပ်ငန်းလမ်းညွှန်များကို အောက်ခြေ အဆင့်ထိ နားလည် တတ်ကျွမ်းစေရန် သင်တန်းများ ဖွင့်လှစ်ပို့ချနိုင်ရေး စီမံချက်ရေးဆွဲ ဆောင်ရွက်ရန် ဆွေးနွေးပြောကြားသည်။
၂ဝ၁၈ ခုနှစ် နိုဝင်ဘာ ၃ ရက်တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် မန္တလေးတိုင်းဒေသ ကြီးအတွင်း မြင်းခြံမြို့နယ် ပြည်သူ့လွှတ်တော်၊ သပိတ်ကျင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော် အမှတ် (၁)နှင့် ရှမ်းတိုင်းရင်းသားလူမျိုး မဲဆန္ဒနယ် (မန္တလေးတိုင်းဒေသကြီးတစ်ခုလုံး) များ လစ်လပ် လျက်ရှိပြီး အဆိုပါ ကြားဖြတ်ရွေးကော်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်များ ရွေးချယ်ပေးသွား မည် ဖြစ်ကြောင်းသိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)

No comments:

Post a Comment