Thursday, June 28, 2018

ဘူတန်နိုင်ငံ သစ်တောဌာန ညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့ဝင်များ ကျောက်မဆင်သစ်တောကြိုးဝိုင်းသို့လာရောက်လေ့လာ

Image may contain: 3 people, people standing, tree, shoes, plant, outdoor and nature
ရေတာရှည် ဇွန် ၂၇
မြန်မာနိုင်ငံနှင့် ဘူတန်နိုင်ငံတို့သည် အပြည်
ပြည်ဆိုင်ရာ တောင်တန်းဒေသ ဖွံ့ဖြိုးတိုးတက်
ရေး ဗဟိုဌာန (ICIMOD) ၏ (REDD+)Himalayan Initiative တွင် ပူးပေါင်းဆောင် ရွက်လျက်ရှိရာ မြန်မာနိုင်ငံတွင် ရေရှည်တည်
တံ့သော သစ်တောများ စီမံအုပ်ချုပ်လုပ်ကိုင်မှု
များနှင့် (REDD+) လုပ်ငန်းများကို လေ့လာ
နိုင်ရန် ဘူတန်သစ်တောဌာနမှ ညွှန်ကြားရေး
မှူးချုပ် Lobzang Dorji နှင့် အဖွဲ့ဝင်များသည် ရေဆင်းသစ်တောသုတေသနဌာနမှ လက်
ထောက်ညွှန်ကြားရေးမှူး ဒေါက်တာယုယအေး၊
ဦးစီးအရာရှိ ဒေါက်တာဇာခြည်လှိုင်တို့နှင့်
အတူ ဇွန် ၂၆ ရက် နံနက် ၁ဝ နာရီခွဲ က ပဲခူးတိုင်း
ဒေသကြီး ရေတာရှည်မြို့နယ် သာဂရ-ကိုးပင်
ရိုးမဖြတ်ကျော်ကားလမ်း ၄၄ မိုင်၊ ကျောက်မ
ဆင်သစ်တောကြိုးဝိုင်း အကွက်အမှတ် (၂ဝ)
ရှိ သစ်တောများ ထိန်းသိမ်း စောင့်ရှောက်ထား
သည့် လုပ်ငန်းများကို ကွင်းဆင်းကြည့်ရှုသည်။
လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ယုယအေးနှင့် မြို့နယ် သစ်တောဦးစီးအရာရှိ ဦးကျော်ဆန်းမိုးတို့က မတူညီသော မြေအနေ
အထားအမျိုးမျိုးတွင် ပေါက်ရောက်နေသည့်
သစ်ပင်အမျိုးအစားများကို ထိန်းသိမ်းဆောင် ရွက်ထားမှု၊ ရေရှည်အကောင်အထည်ဖော်
ဆောင်ရွက်ထားသည့် အစီအမံများကို ရှင်းပြခဲ့
ရာ ဘူတန်သစ်တောညွှန်ကြားရေးမှူးချုပ်နှင့်
အဖွဲ့ဝင်များက ပါဝင်ဆွေးနွေးသည်။
ထို့မှတစ်ဆင့် မိုင်တိုင် (၄၇) ရှိ သစ်တော
ဦးစီးဌာန ရှင်းလင်းဆောင်သို့ ရောက်ရှိခဲ့ပြီး
ကျွန်း၊ပိတောက်၊ မဟော်ဂနီ၊ ငုရွှေဝါ၊ ရင်းမာ၊
လျှော်ဖြူ၊၊ စန္ဒကူး သစ်ပျိုးပင်များအား အမှတ်
တရစုပေါင်းစိုက်ပျိုးခဲ့ပြီး ရိုးမဖြတ်ကျော် ကား
လမ်းအတိုင်း ပြန်လည်ထွက်ခွာလာခဲ့ရာ ၁ဝ မိုင်
ဖိုးကျားအပန်းဖြေဆင်စခန်းသို့ မွန်းလွဲ ၁ နာရီခွဲ
တွင်ရောက်ရှိခဲ့ပြီး တောင်ငူခရိုင်၊ မြန်မာ့ သစ်
လုပ်ငန်း မန်နေဂျာ ဦးကျော်ဇင်နှင့် ဝန်ထမ်းများ
က ဆင်သရုပ်ပြကွင်း၌ ဆင်ပြကွက်များဖြင့်
ဧည့်ခံပြသခဲ့သည်။
ဘူတန်သစ်တောညွှန်ကြားရေးမှူးချုပ်နှင့် အဖွဲ့
သည် မြန်မာနိုင်ငံအတွင်းရှိ သစ်တောလုပ်ငန်း
များကို ဇူလိုင် ၂ ရက်အထိ လေ့လာသွားမည်
ဖြစ်ကာ ရှမ်းပြည်နယ် တောင်ကြီးမြို့နှင့် ဝန်းကျင်
ဒေသများကို ဆက်လက်သွားရောက်မည်ဖြစ် ကြောင်းသိရသည်။
ကိုလွင်(ဆွာ)

No comments:

Post a Comment