Tuesday, June 5, 2018

သစ်အပြည့်တင်လာသော မော်တော်ယာဉ်ငါးစီး မဟာမြိုင်တောအတွင်း ဖမ်းမိ

Image may contain: tree, plant, outdoor and nature
မုံရွာ ဇွန် ၎
ဒေသခံကျေးရွာသားများ၏ သတင်းပေးချက်အရ သစ်များ အပြည့်တင်ဆောင်ထားသည့် မော်တော်ယာဉ်ငါးစီးကို စစ်ကိုင်းတိုင်းဒေသကြီး မဟာမြိုင်တောအတွင်း ဇွန် ၃ ရက် နံနက် ၁၁ နာရီက ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး သစ်တောဦးစီးဌာန ဦးစီးမှူး ဦးသန်းစိုးထံမှ သိရသည်။
''သတင်းရရချင်း ကလေးမြို့နယ်ထွေ/အုပ်ရယ်၊ ကလေးဝမြို့နယ်သစ်တောဦးစီးရယ်၊ နောက်တာဝန်ရှိသူ တစ်ဦးရယ် သွားကြတာ၊ သွားတာက သုံးယောက်တည်း ဆိုတော့ ဘာမှလုပ်မရဘူး၊ သစ်သယ်လာတဲ့ကားကလူတွေ ထွက်ပြေးသွားကြတယ်၊ လက်ရှိကတော့ လူတွေဖမ်းမိဖို့အပူတပြင်းရှာဖွေတာတွေ လုပ်နေပါတယ်'' ဟု ဦးသန်းစိုး က ပြောသည်။
မဟာမြိုင်သစ်တောကြီးအတွင်း ကလေးဝမြို့နယ် ယုဇလယ်-အင်ဒုတ်လမ်းပေါ်တွင် သွားလာ၍မရအောင် လမ်းပိတ်ဆို့ခြင်း၊ လမ်းပျက်ခြင်းများဖြစ်အောင်ပြု၍ သစ်များခိုးယူနေကြောင်း ကျေးရွာသားများ၏ သတင်းပို့ တိုင်ကြားချက်အရ ကလေးဝမြို့နယ်အုပ်ချုပ်ရေးမှူး ခေါင်းဆောင်သောအဖွဲ့ သွားရောက်ရာ သစ်အပြည့် တင်ဆောင်ထားသော မော်တော်ယာဉ်များကို ဖမ်းဆီးရမိ ကြောင်း သိရသည်။
သစ်ခိုးထုတ်သူများမှာ လွတ်မြောက်လျက်ရှိပြီး မြို့နယ် သစ်တောနှင့် ရဲတပ်ဖွဲ့တို့က အမှုဖွင့်ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
မျိုးဝင်းထွန်း (မုံရွာ)

No comments:

Post a Comment