Friday, June 22, 2018

စင်ကာပူ-နယူးယောက် တိုက်ရိုက်ခရီးစဉ်ပျံသန်းမှု စင်ကာပူလေကြောင်းလိုင်း ပြန်လည်ပြုလုပ်မည်

Image may contain: airplane, sky and outdoor
စင်ကာပူ ဇွန် ၂၁
စင်ကာပူလေကြောင်းလိုင်း (အက်စ်အိုင်အေ)သည် လာမည့် အောက်တိုဘာလမှစ၍ စင်ကာပူနှင့် နယူးယောက်အကြား ၁၉ နာရီ ကြာမြင့်မည့် တိုက်ရိုက်လေကြောင်းခရီးစဉ်ပျံသန်းမှုကို ပြန်လည် ပြုလုပ်တော့မည်ဖြစ်ကြောင်း ဒေသဆိုင်ရာသတင်းဌာနများက ဇွန် ၂၁ ရက်တွင် သတင်းထုတ်ပြန်သည်။
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ဧရိယာအတွင်းရှိ နီဝပ်လေဘာတီ နိုင်ငံတကာလေဆိပ်မှ စင်ကာပူနိုင်ငံသို့ တိုက်ရိုက် လေကြောင်းခရီးစဉ် ပျံသန်းမှုကို လာမည့်ဆောင်းဦးပေါက်တွင် ပြုလုပ် မည်ဖြစ်ကြောင်း၊ မိုင်ပေါင်း ၁ဝဝဝဝ ခန့် အကွာအဝေးရှိ ခရီးတာကို ၁၈ နာရီနှင့် ၄၅ မိနစ်အချိန်ယူကာ ပျံသန်းမည်ဖြစ်ကြောင်း စင်ကာပူ လေကြောင်းလိုင်းက ထုတ်ပြန်ကြေညာသည်။
စင်ကာပူ-နယူးယောက် လေကြောင်းခရီးစဉ်သည် ကမ္ဘာပေါ်တွင် ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းသုံး လေယာဉ်များ၏ လေကြောင်း ခရီးစဉ်များအနက် ခရီးတာအဝေးဆုံး လေကြောင်းခရီးစဉ်ဖြစ်မည် ဆို၏။
စင်ကာပူ-နယူးယောက် တိုက်ရိုက်ခရီးစဉ် ပျံသန်းမှုကို ၂ဝဝ၄ ခုနှစ်တွင် စတင်ခဲ့ပြီးနောက် ၂ဝ၁၃ ခုနှစ်အရောက်တွင် ရေနံဈေးနှုန်း မြင့်တက်လာမှုကြောင့် ပြန်လည်ဖျက်သိမ်းခဲ့သည်။
အေအက်ဖ်ပီ

No comments:

Post a Comment