
အင်္ဂလန်ကွင်းလယ်ကစားသမား ဒီလီအလီသည် ပေါင်ဒဏ်ရာရရှိခဲ့ခြင်းကြောင့် ဇွန် ၂၁ ရက်တွင် ပြုလုပ်ခဲ့သည့် လေ့ကျင့်ရေးအစီအစဉ်တွင် ပါဝင်နိုင်ခဲ့ခြင်းမရှိခဲ့သည့်အပြင် ပနားမားအသင်းနှင့် ပွဲစဉ်တွင်လည်း လွဲချော်ဖွယ်ရှိနေကြောင်း သိရသည်။
ကွင်းလယ်ကစားသမား ဒီလီအလီသည် အုပ်စု(G)၏ အဖွင့်ပွဲစဉ်ဖြစ်သည့် အင်္ဂလန် အသင်းနှင့် တူနီးရှားအသင်းတို့ ပွဲစဉ်တွင် ပွဲကစားချိန် မိနစ် ၈ဝ အထိ ပါဝင်ကစားနိုင်ခဲ့ သော်လည်း အဆိုပါပွဲစဉ်တွင် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ အင်္ဂလန်အသင်းနှင့် တူနီးရှား အသင်းတို့၏ ပွဲစဉ်တွင် ဒီလီအလီသည် အင်္ဂလန်အသင်းအတွက် အကောင်းဆုံးပါဝင်ကစားပေး ခဲ့ပြီး အင်္ဂလန်အသင်းက နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
အသက်(၂၂)နှစ်အရွယ်ရှိ ကွင်းလယ်ကစားသမား ဒီလီအလီသည် လက်ရှိတွင် အပေါ့စား ဒဏ်ရာရရှိထားကြောင်းလည်း တွစ်တာစာမျက်နှာတွင် ဖော်ပြထားကြောင်း သိရသည်။
ငွေကြယ်
No comments:
Post a Comment