Thursday, June 28, 2018

အင်္ဂလန်မြောက်ပိုင်း၌ တောမီးလောင်ဒေသခံများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်း

Image may contain: sky, cloud and outdoor
လန်ဒန် ဇွန် ၂၇
အင်္ဂလန်မြောက်ပိုင်းတွင် တောမီးလောင်ကျွမ်းမှုဖြစ်ပေါ်နေခြင်းကြောင့် ဒေသခံပြည်သူများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက ဇွန် ၂၇ ရက်တွင် သတင်းထုတ်ပြန်သည်။
အင်္ဂလန်မြောက်ပိုင်း မန်ချက်စတာမြို့အနီး၌ တောမီးလောင်ကျွမ်းမှု ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပေါ်နေပြီး မီးသတ်တပ်ဖွဲ့ဝင်များက ဇွန် ၂၇ ရက်တွင် ငြှိမ်းသတ်လျက်ရှိကြကြောင်း၊ အင်္ဂလန်မြောက်ပိုင်းဒေသ၌ တောမီးလောင်ခြင်းမှာ ကြုံတောင့်ကြုံခဲဖြစ်စဉ်တစ်ခုဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။
ဖုန်းဆိုးတောကို ဖြတ်သန်းလျက် မန်ချက်စတာမြို့၏ အရှေ့ဘက်အရပ်ဆီသို့ ဦးတည်ကာ မီးကူးစက်လောင် ကျွမ်းနေဆဲဖြစ်ကြောင်း၊ အကယ်၍ မီးလောင်ကျွမ်းမှု ဆက်လက်ဖြစ်ပေါ်နေမည်ဆိုပါက တပ်မတော်သားများက ပါဝင်ကူညီနိုင်ရန် အသင့်ပြင်ဆင်ထားကြကြောင်း၊ မန်ချက်စတာ တောမီးလောင်မှုကြောင့် ဒေသတွင်း နေအိမ် ဒါဇင်ပေါင်းများစွာရှိ ပြည်သူများကို ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးခဲ့ကြောင်း မန်ချက်စတာမီးသတ်နှင့် ကယ်ဆယ် ရေးဌာနမှ လက်ထောက်ဌာနမှူး လီယွန်ပါကက်စ်က ပြောကြားသည်။
အပူဟပ်ခြင်းနှင့် မီးခိုးလုံးများထွက်ရှိနေခြင်း စသည့်အခြေအနေဆိုးတွင် မီးသတ်တပ်ဖွဲ့ဝင်များက ကြိုးပမ်း ငြှိမ်းသတ်နေရကြောင်း ၎င်းက ပြောကြားသည်။
မီးလောင်နေသည့် ဧရိယာမှာ အလျားလေးမိုင်ခန့်ရှည်လျားပြီး ဗြိတိန်နိုင်ငံ၌ လောင်ကျွမ်းခဲ့ဖူးသော တောမီး များအနက် လောင်ကျွမ်းပုံ ထူးခြားလှကြောင်း၊ နိုင်ငံတစ်နိုင်ငံလုံးအနေဖြင့်လည်း တောမီးလောင်မှုဖြစ်ရပ်များမှာ ကြုံတောင့်ကြုံခဲဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
အေအက်ဖ်ပီ

No comments:

Post a Comment