Thursday, June 28, 2018

လက်ရှိကမ္ဘာ့ဖလားချန်ပီယံဂျာမနီ အုပ်စုအဆင့်၌ပင် ထွက်ခဲ့ရ ဆွီဒင်နဲ့ မက္ကဆီကို နောက်တစ်ဆင့်တက်လှမ်း

Image may contain: 5 people, people smiling, people playing sports and outdoor
ကမ္ဘာ့ဖလားပြိုင်ပွဲ၏ အုပ်စုအဆင့် အုပ်စု(F)၏ ပွဲစဉ်များကို ယှဉ်ပြိုင်ကစားခဲ့ရာ လက်ရှိကမ္ဘာ့ဖလားချန်ပီယံ ဂျာမနီအသင်းက တောင်ကိုရီးယားအသင်းကို ရှုံးနိမ့်ကာ ပြိုင်ပွဲ မှထွက်ခဲ့ရပြီး ဆွီဒင်အသင်းနှင့် မက္ကဆီကို အသင်းတို့မှာ ၁၆ သင်းအဆင့်သို့ တက်လှမ်း နိုင်ခဲ့သည်။
ဂျာမနီအသင်းသည် တောင်ကိုရီးယား အသင်းနှင့် ပွဲစဉ်တွင် ကစားသမားကောင်းများ ကို ရွေးချယ်ပွဲထွက်ကစားစေခဲ့သော်လည်း နှစ်ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။
ဂျာမနီအသင်းသည် ခီဒီယာ၊ အိုဇေးလ်၊ တိုနီခရုစ်၊ မာကိုရူးစ်၊ ဟမ်မဲ စသည့်ကစား သမားများကို ၄-၂-၃-၁ ပုံစံဖြင့် ပွဲထွက်လာ ခဲ့သော်လည်း တောင်ကိုရီးယားအသင်း၏ ၄-၄-၂ ကစားကွက်ကို မထိန်းချုပ်နိုင်ခဲ့ဘဲ ရှုံးပွဲကြုံခဲ့ခြင်းဖြစ်သည်။
အဆိုပါပွဲစဉ်တွင် သာမန်ပွဲကစားချိန် မိနစ် ၉ဝ အထိ ဂိုးမရှိသရေရလဒ်သာ ထွက် ပေါ်ခဲ့သော်လည်း နာကျင်အချိန်ပိုတွင် သွင်းယူခဲ့သည့် ဂွမ်ကင်နှင့် ဆွန်ဟောင်မင် တို့၏ သွင်းဂိုးများဖြင့် တောင်ကိုရီးယား အသင်းက အနိုင်ရရှိခဲ့ခြင်းဖြစ်ပြီး ဂျာမနီ အသင်းမှာမူ ချေပဂိုးပင်ပြန်လည်မသွင်းယူ နိုင်ခဲ့ပေ။ ဂျာမနီအသင်းမှာ အုပ်စုအဆင့်သုံးပွဲ ကစားအပြီးတွင် တစ်ပွဲသာ အနိုင်ရရှိခဲ့ခြင်း ကြောင့် ရမှတ်သုံးမှတ်သာ ရရှိခဲ့သည်။
အခြားပွဲစဉ်တစ်ပွဲဖြစ်သည့် မက္ကဆီကို အသင်းနှင့် ဆွီဒင်အသင်းတို့၏ ပွဲစဉ်တွင် ဆွီဒင်အသင်းက သုံးဂိုးပြတ်နိုင်ပွဲရရှိခဲ့သည်။ အဆိုပါပွဲစဉ်တွင် ပွဲကစားချိန် မိနစ် ၅ဝ တွင် အော်ဂတ်စတင်ဆန်က လည်းကောင်း၊ ပွဲကစားချိန် ၆၂ မိနစ်တွင် ဂရန်းဗစ်က လည်းကောင်း၊ ပွဲကစားချိန် မိနစ် ၈ဝ တွင် မက္ကဆီကိုကစားသမား အယ်လ်ဗာရက်ဇ်၏ ကိုယ့်ဂိုးကိုယ်ပြန်သွင်းမိသည့် ဂိုးမှလည်း ကောင်း ဆွီဒင်အသင်း ဂိုးများရရှိခဲ့ခြင်းဖြစ် သည်။
ဆွီဒင်အသင်းသည် လက်ရှိအုပ်စုတွင် အုပ်စုပထမနေရာဖြင့် နောက်တစ်ဆင့်သို့ တက်လှမ်းခွင့်ရရှိခဲ့ပြီး မက္ကဆီကိုအသင်းမှာ အုပ်စုဒုတိယနေရာဖြင့် နောက်တစ်ဆင့်တက် ခဲ့သည်။
ဆွီဒင်အသင်းမှာ ၁၆ သင်းအဆင့်တွင် အုပ်စု(E)မှ အုပ်စုဒုတိယအသင်းနှင့်လည်း ကောင်း၊ မက္ကဆီကိုအသင်းမှာ အုပ်စု(န)မှ အုပ်စုပထမအသင်းနှင့်လည်းကောင်း ယှဉ် ပြိုင်ကစားရမည်ဖြစ်သည်။
ငွေကြယ်

No comments:

Post a Comment