Tuesday, June 26, 2018

မြန်မာ ယူ-၁၉ အသင်း အပြီးသတ်လူရွေးချယ်ရန် ပြည်တွင်းခြေစမ်းပွဲ ကစားမည်

Image may contain: 1 person, playing a sport and outdoor
ရန်ကုန် ဇွန် ၂၅
၂ဝ၁၈ အာဆီယံ ယူ-၁၉ ပြိုင်ပွဲ အတွက် လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်နေသည့် မြန်မာ ယူ-၁၉ အသင်းသည် ပြိုင်ပွဲအကြို ငါးပွဲ မြောက် ပြည်တွင်းခြေစမ်းပွဲအဖြစ် MNL ကလပ် ဧရာဝတီအသင်းနှင့် ဇွန် ၂၆ ရက် ညနေ ၅ နာရီတွင် သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစား မည်ဖြစ်သည်။ မြန်မာ ယူ-၁၉ အသင်းသည် အပြီးသတ်ကစား သမားများ ရွေးချယ်ရန် ယခုခြေစမ်းပွဲ ယှဉ်ပြိုင်ကစားခြင်းဖြစ်ပြီး ဧရာဝတီ အသင်းနှင့် ခြေစမ်းပွဲပြီးပါက အပြီး သတ်ကစားသမား ၂၃ ဦး ထုတ်ပြန် ကြေညာမည်ဖြစ်သည်။
မြန်မာ ယူ-၁၉ အသင်းသည် မေ ၁ဝ ရက်မှစ၍ လေ့ကျင့်မှုပြုလုပ် ခဲ့ပြီး ပြည်တွင်းခြေစမ်းပွဲ လေးပွဲ၊ နိုင်ငံတကာခြေစမ်းပွဲနှစ်ပွဲ ယှဉ်ပြိုင် ကစားထားသည်။ မြန်မာ ယူ-၁၉ အသင်းသည် ပြည်တွင်းခြေစမ်းပွဲ အဖြစ် MNL ကလပ် ဇွဲကပင်၊ ရတနာပုံ၊ ဟံသာဝတီ၊ ပထမတန်း ကလပ်မောရဝတီအသင်းတို့နှင့် ယှဉ်ပြိုင်ကစားခဲ့ပြီး တစ်ပွဲနိုင်၊ သုံးပွဲ ရှုံးထားသည်။ မြန်မာ ယူ-၁၉ အသင်း သည် ပြည်တွင်းခြေစမ်းပွဲများတွင် မောရဝတီအသင်းကို သုံးဂိုး-နှစ်ဂိုး ဖြင့် အနိုင်ရပြီး ဇွဲကပင်အသင်းကို သုံးဂိုး-နှစ်ဂိုး၊ ရတနာပုံအသင်းကို သုံးဂိုး-တစ်ဂိုး၊ ဟံသာဝတီအသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည်။
မြန်မာ ယူ-၁၉ အသင်းသည် ဇွန် ၁၆ ရက်မှ ၂၁ ရက်အထိ စင်ကာပူ နိုင်ငံသို့ သွားရောက်၍ ခြေစမ်းပွဲနှစ်ပွဲ ယှဉ်ပြိုင်ကစားခဲ့ရာ စင်ကာပူ ယူ-၂၃ အသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရပြီး စင်ကာပူလိဂ်တွင် လာရောက်ကစားနေသည့် ဂျပန် ကလပ် နီဂါတာအသင်းကို လေးဂိုး-တစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။ မြန်မာ ယူ-၁၉ အသင်းသည် ဇွန် ၂၂ ရက် ညနေပိုင်းမှစ၍ ပဏာမကစားသမား ၂၈ ဦးဖြင့် လေ့ကျင့်မှုပြန်လည် ပြုလုပ်လျက်ရှိပြီး ဇွန် ၂၉ ရက်တွင် ပြိုင်ပွဲယှဉ်ပြိုင်ရန် ထွက်ခွာမည်ဖြစ် သည်။
မြန်မာ ယူ-၁၉ အသင်း ဝင်ရောက် ယှဉ်ပြိုင်မည့် ၂ဝ၁၈ အာဆီယံ ယူ-၁၉ ပြိုင်ပွဲကို ဇူလိုင် ၁ ရက်မှ ၁၄ ရက်အထိ အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပ မည်ဖြစ်သည်။
သတင်း-ရဲရင့်ရှိုင်း
ဓာတ်ပုံ-စိုးညွန့်

No comments:

Post a Comment