
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းယှဉ်ပြိုင်မည့် ၂ဝ၁၈ အာဆီယံ အမျိုးသမီးပြိုင်ပွဲမှာ ဇွန် ၃ဝ ရက်တွင် စတင်ကျင်းပတော့မည်ဖြစ်သည်။ အာဆီယံဘောလုံး အဖွဲ့ချုပ်သည် ယင်းပြိုင်ပွဲကို နှစ်စဉ်နီးပါး ကျင်းပ ခဲ့သော်လည်း ၂ဝ၁၇ ခုနှစ်တွင် ဆီးဂိမ်းပြိုင်ပွဲကြောင့် ကျင်းပနိုင်ခြင်းမရှိဘဲ ယခုနှစ်မှ ပြန်လည်ကျင်းပခြင်း ဖြစ်သည်။
၂ဝ၁၈ အာဆီယံအမျိုးသမီးပြိုင်ပွဲကို ဇွန် ၃ဝ ရက်မှ ဇူလိုင် ၁၃ ရက်အထိ အင်ဒိုနီးရှားနိုင်ငံ ပလန်ဘမ်မြို့၌ ကျင်းပမည်ဖြစ်ပြီး အုပ်စု (က)တွင် သြစတြေးလျ၊ ကမ္ဘော ဒီးယား၊ မလေးရှား၊ ထိုင်း၊ တီမော၊ အုပ်စု (ခ)တွင် ဗီယက်နမ်၊ မြန်မာ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် စင်ကာပူ အသင်းတို့ ပါဝင်နေသည်။ မြန်မာအမျိုးသမီးအသင်းသည် အုပ်စုပွဲများအဖြစ် ဇူလိုင် ၁ ရက်တွင် ဖိလစ်ပိုင်အသင်း၊ ဇူလိုင် ၅ ရက်တွင် အိမ်ရှင်အင်ဒိုနီးရှားအသင်း၊ ဇူလိုင် ၇ ရက်တွင် စင်ကာပူအသင်း၊ ဇူလိုင် ၉ ရက်တွင် ဗီယက်နမ်အသင်းတို့နှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ယခုနှစ် ပြိုင်ပွဲဝင်မည့် မြန်မာအမျိုးသမီးအသင်းသည် စိတ်ဝင်စားစရာကောင်းနေပြီး ပြည်ပ နည်းပြများဖြင့် ယှဉ်ပြိုင်နေမှုကို အဆုံးသတ်ကာ ပြည်တွင်းနည်းပြဖြင့် ပြန်လည်ယှဉ်ပြိုင်မည့် ပြိုင်ပွဲလည်းဖြစ်သည်။ မြန်မာ အမျိုးသမီးအသင်းသည် အာဆီယံအမျိုးသမီးပြိုင်ပွဲ စတင် ကျင်းပသည့် ၂ဝဝ၄ ခုနှစ်မှစ၍ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၂ဝဝ၄ နှင့် ၂ဝဝ၇ ခုနှစ်တွင် ချန်ပီယံဆုများ ရယူနိုင်ခဲ့ သည်။
မြန်မာအမျိုးသမီးအသင်းတွင် နည်းပြချုပ်အဖြစ် ဦးဝင်းသူမိုး၊ လက်ထောက်နည်းပြအဖြစ် ဦးခင်မောင်ထွေး၊ ဦးစထက်နိုင်ဝင်း၊ ဒေါ်ဇင်မာဝမ်း၊ ဂိုးနည်းပြအဖြစ် ဦးမြတ်ကိုမင်း၊ ကစားသမားများအဖြစ် ဂိုး-မေဇင်နွယ် (မြဝတီ)၊ ဇာဇာမြင့် (အားကစားနှင့် ကာယပညာဦးစီး ဌာန)၊သင်းသင်းစိုး (ဇွဲကပင်)၊ နောက်တန်း ခင်သန်းဝေ၊ အေးအေးမိုး (မြဝတီ)၊ အိရတနာဖြိုး၊ ဝေဝေအောင်၊ ခင်မျိုးဝင်း (အားကစားနှင့် ကာယပညာဦးစီးဌာန)၊ ဇင်မာဝင်း၊ ငယ်ငယ်ထွေး၊ ယမင်းလွင် (သစ္စာအားမာန်)၊ အလယ်တန်း ခင်မိုးဝေ၊ နော်အားလိုဝါးဖော၊ ခင်မိုမိုထွန်း၊ နီလာမြင့်၊သန္တာမိုး (သစ္စာအားမာန်)၊ နုနု၊ ခင်မာလာထွန်း (အားကစားနှင့် ကာယပညာဦးစီးဌာန)၊ သန်းသန်းထွေး (ဇွဲကပင်)၊ ရှေ့တန်း နီလာဝင်း၊ ဂျူလိုင်ကျော် (သစ္စာ အားမာန်)၊ ရီရီဦး (အားကစားနှင့် ကာယပညာဦးစီးဌာန)နှင့် ဝင်းသိင်္ဂီထွန်း (မြဝတီ)တို့ လိုက်ပါသွားသည်။ မြန်မာ အမျိုးသမီးအသင်းသည် ဇွန် ၂၅ ရက် နံနက်ပိုင်းက ရန်ကုန်မြို့မှ အင်ဒိုနီးရှားနိုင်ငံသို့ ထွက်ခွာသွားသည်။ မြန်မာအမျိုးသမီးအသင်းသည် အင်ဒိုနီးရှားနိုင်ငံတွင် လေ့ကျင့်မှုများပြုလုပ်ရန်နှင့် ရာသီဥတုနှင့် အသားကျ စေရန် ကြိုတင်ထွက်ခွာခြင်းဖြစ်ပြီး မူလက ဇွန် ၂၇ ရက် တွင် အင်ဒိုနီးရှားလက်ရွေးစင်အသင်းနှင့် ခြေစမ်းပွဲကစား ရန် စီစဉ်ထားသော်လည်း ပျက်ပြယ်ခဲ့သောကြောင့် အင်ဒိုနီးရှား ကလပ်အသင်းနှင့် ယှဉ်ပြိုင်ကစားမည်ဖြစ် သည်။
သတင်း-ရှိုင်းထက်ဇော်
ဓာတ်ပုံ-စိုးညွန့်
ဓာတ်ပုံ-စိုးညွန့်
No comments:
Post a Comment