Friday, June 1, 2018

မြို့ သစ်မြို့ နယ် ရွှေပန်းပင်ချောင်း ရေကျော်တံတားတွင်ကုန်အပြည့်တင်ထားသည့်တွဲကား ကျွံကျ

Image may contain: sky, tree and outdoor
မြို့သစ် မေ ၃၁
မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ်
တောင်တွင်းကြီး- နတ်မောက်သွား ကားလမ်းပေါ်ရှိ ရွှေပန်းပင်ချောင်း ရေကျော်တံတားတွင် မေ ၃ဝ ရက်
ညနေပိုင်းက ကုန်အပြည့်ဖြင့် တွဲကား
တစ်စီး တွဲခေါင်းကျွံကျပြီး ယာဉ်
အသွားအလာများ ပိတ်ဆို့မှု ဖြစ်ပွား
ခဲ့ကြောင်း မြို့သစ်မြို့မရဲစခန်းမှ သိရ
သည်။
မြို့သစ်မြို့နယ်တွင် မေ ၂၉ ရက်
ည ၇ နာရီမှစတင်၍ လေပြင်းမုန်တိုင်း
တိုက်ကာ မိုးများ အဆက်မပြတ်ရွာ
သွန်းမှုကြောင့် မြို့သစ်မြို့နယ်အတွင်း
ရှိ ချောင်းများတွင် ချောင်းရေများ ကျဆင်းခဲ့ကြောင်း၊ မေ ၃ဝ ရက် ညနေ
၎ နာရီ မိနစ် ၄ဝ ခန့်က အောင်လံ
မြို့နေသူ ယာဉ်မောင်း ပြည့်ဖြိုး
အောင်၊ ယာဉ်နောက်လိုက်
အောင်ရာဇာမင်းတို့ မောင်းနှင်
လာသော ယာဉ်အမှတ် 8J/--- FUSO
အဖြူရောင် တွဲကားယာဉ်သည် သကြားအိတ် ၃၂ တန်အား
တင်ဆောင်လျက် မန္တလေးသို့အသွား မြို့သစ်မြို့နှင့် ငါးမိုင်ခန့်အကွာ မိုင်တိုင် (၂၁/၃ နှင့် ၂၁/၄ )ကြား
ရှိ မြို့သစ်မြို့နယ် ရွှေပန်းပင်
ရေကျော်တံတားတွင် ရေကျော်အား
ဖြတ်သန်းမောင်းနှင်ခဲ့ရာ ရေကျော်
ထဲတွင် ကားဦးခေါင်းကျွံကျသွားခဲ့
ကြောင်း၊ ကားဦးခေါင်းပိုင်းမှာ တဖြည်းဖြည်းနစ်မြုပ်၍ ကားခေါင်မိုး
တစ်တောင်ခန့်သာကျန်ခဲ့ရာ ယာဉ်
ပေါ်ပါလာသူများ ကားခေါင်မိုးမှ
တစ်ဆင့် တက်ရောက်ခဲ့နိုင်ပြီး အနီးပတ်ဝန်းကျင်ရှိ အခြားယာဉ် ပေါ်ပါ ခရီးသွားပြည်သူများနှင့် ဒေသခံပြည်သူများက ဝိုင်းဝန်းကူညီ
ကယ်ဆယ်ခဲ့ရကြောင်း၊ ဖြစ်စဉ်
ကြောင့် ထိခိုက်နာကျင်စေမှု တစ်စုံ
တစ်ရာမရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်ပြီး မြို့သစ်
မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟိန်းသူဝင်း
နှင့်ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင် များ၊ ဌာနဆိုင်ရာများ အသီးသီး ရောက်ရှိလာပြီး ၎င်းနစ်မြုပ်
ကျွံနေသည့်တွဲခေါင်းအား အမြန်ဆုံး
ပြန်လည်ဆွဲထုတ်နိုင်ရန်နှင့် ယာဉ်
သွားလာမှုအဆင်ပြေနိုင်ရေးအတွက် ဝိုင်းဝန်း လုပ်ဆောင်နေကြကြောင်း သိရသည်။
ဇော်ဇော်(မြို့သစ်)

No comments:

Post a Comment