Friday, June 1, 2018

သုံးပတ်အတွင်း ကြံ့ခိုင်မှုပြည့်ဝနေမည်ဖြစ်ကြောင်း အီဂျစ်ပရိသတ်များကို ဆာလာ သတင်းကောင်းပေး

Image may contain: 1 person
လီဗာပူးတိုက်စစ်မှူး ဆာလာက သူ့အနေနဲ့ သုံးပတ်အတွင်း ကြံ့ခိုင်မှုပြည့်ဝလာမှာဖြစ်ကြောင်း ပြောကြားခဲ့ရာ အီဂျစ်ပရိသတ်တွေအတွက် သတင်းကောင်းဖြစ်ခဲ့ပါတယ်။ ဆာလာဟာ ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ရာမို့စ်နဲ့ ဘောလုံးယှဉ်လုရင်း ပခုံးအဆစ်လွဲသွားတာကြောင့် ပွဲချိန်မိနစ် ၃ဝ မှာ ကွင်းထဲကနေ မျက်ရည်လည်ရွဲနဲ့ ထွက်ခွာသွားခဲ့ပါတယ်။
ဆာလာဟာ ပြီးခဲ့တဲ့ရက်ပိုင်းက သူ့ဒဏ်ရာ အမြန်ဆုံးသက်သာစေဖို့ စပိန်မှာရှိတဲ့ ဆရာဝန်တွေနဲ့ သွားရောက်တွေ့ဆုံခဲ့တယ်လို့ အီဂျစ်ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ခဲ့ပါတယ်။ အီဂျစ်အက်ဖ်အေက ''ယနေ့ အသင်းဆရာဝန်တွေနဲ့ တွေ့ဆုံမှုအပြီးမှာ ဆာလာအနေနဲ့ ကမ္ဘာ့ဖလားမှာ ပါဝင်နိုင်မှာဖြစ်ပြီး သုံးပတ်ထက် ပိုပြီး အနားယူရမှာမဟုတ်ဘူးလို့ အက်ဖ်အေက ထပ်မံ အတည်ပြုနိုင်ပါတယ်''ဟု တွစ်တာ မှတစ်ဆင့် ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။
ဆာလာကိုယ်တိုင်ကလည်း ယခုရက်အစောပိုင်းက ''ဒီညက တကယ့်ကို ခက်ခဲပါတယ်၊ ဒါပေမယ့် ကျွန်တော်က တိုက်ပွဲဝင်စိတ်ရှိသူ တစ်ယောက်ပါ၊ ထူးဆန်းကောင်း ထူးဆန်းနိုင်ပေမယ့် အားလုံးဂုဏ်ယူစရာဖြစ်မယ့် ရုရှားမှာ ပါဝင်ကစားနိုင်မယ်လို့ ယုံကြည်မှုအပြည့်ရှိပါတယ်''ဟု ပြောကြားခဲ့ပြီးဖြစ်ပါတယ်။
ဆာလာရဲ့ အမာခံပရိသတ်အချို့ကတော့ ဆာလာ ဒဏ်ရာရရှိခဲ့ခြင်းအတွက် ရာမို့စ်ကို ဝိုင်းဝန်းအပြစ်တင်နေပြီး အီဂျစ်ရှေ့နေ တစ်ဦးကဆိုရင် ရာမို့စ်ကို လျော်ကြေးငွေ ပေါင်သန်းချီပြီး ရယူဖို့ လှုပ်ရှားနေတယ်လို့ သိရပါတယ်။
မေလဲ့သင်း

No comments:

Post a Comment