Friday, June 22, 2018

မန္တလေး၌ မြန်မာ့ပုလင်းပန်းချီပြပွဲ လန်ဒန်မှ ပန်းချီ၊ ပန်းပု၊ ဓာတ်ပုံ ပညာရှင်များ လေ့လာ

Image may contain: drink and indoor
မန္တလေး ဇွန် ၂၁
လန်ဒန်မြို့မှ ပန်းချီ၊ ပန်းပု၊ ဓာတ်ပုံပညာရှင်များ ရှားပါး မြန်မာ့ပုလင်းပန်းချီပညာကို အထူးပြုလေ့လာကာ ပညာ
ရပ်နှီးနှောမှုများပြုလုပ်သည့် အခမ်းအနားနှင့် မြန်မာ့
ပုလင်းပန်းချီပြပွဲကို ဇွန် ၂၁ ရက် နံနက် ၉ နာရီက မန္တလေး
မြို့ စစ်ကိုင်း-မန္တလေးလမ်း မြေပဲတန်းရပ် အမရပူရမြို့
ပုလင်းပန်းချီဦးချစ်မြ၏ ပန်းချီပြခန်း၌ ပြုလုပ်သည်။
အဆိုပါအခမ်းအနားတွင် လန်ဒန်မှ ပညာရှင် ၂ဝ ကျော်အား မြန်မာ့ပုလင်းပန်းချီ၊ မှန်ပန်းချီ၊ အုန်းခွက် ပန်းချီ၊ ဘူးသီးပန်းချီများကို ပြသကာ ပန်းချီပညာနှီးနှော
ဖလှယ်မှုများ ပြုလုပ်ကြသည်။
လက်ရှိကာလတွင် ရှားပါး မြန်မာ့ပုလင်းပန်းချီကို နိုင်ငံ
တကာခရီးသွားဧည့်သည်များ နေ့စဉ်လာရောက် လေ့လာ
လျက်ရှိကြောင်း ပုလင်းပန်းချီပညာရှင် ဦးချစ်မြထံမှ
သိရသည်။
ရှားပါးအနုပညာလက်ရာဖြစ်သော ပုလင်းပန်းချီ၊
ဘူးသီးပန်းချီ၊ မှန်ပန်းချီ၊ အုန်းခွက်ပန်းချီများကို အမရပူရ
မြို့မှ ပုလင်းပန်းချီ ဦးချစ်မြက တစိုက်မတ်မတ်ရေးဆွဲ လျက်ရှိရာ နိုင်ငံတကာခရီးသွားဧည့်သည်များ နှစ်စဉ်လာ ရောက်လေ့လာကာ ဝယ်ယူမှုများပြားလျက်ရှိသည်။
ဘူးသီးပန်းချီ ဖန်တီးရေးဆွဲရန်အတွက် ဘူးသီးခြောက် အရွယ်အစားပေါ်မူတည်ကာ လိုက်ဖက်မည့် အရုပ်များကို
ရွေးချယ်ရေးဆွဲရသည်။ ဘူးသီးပန်းချီ ဖန်တီးရာတွင်
ဘိုမရုပ်၊ ပစ်တိုင်းထောင်ရုပ်၊ ဆံထောက်နှမပုံကလေးများ၊
ပုဂံနှင့် ပတ်သက်သည့်ပုံများ၊ ဇီးကွက်ရုပ်နှင့် အခြားရုပ်ပုံ များကို သရုပ်ဖော်ရေးဆွဲသည်။
အုန်းခွက်ပန်းချီ၊ ပုလင်းပန်းချီများ ရေးဆွဲရာတွင်
တိုင်းရင်းသားပုံ၊ မြန်မာနိုင်ငံ၏အထင်ကရနေရာ၊ ရိုးရာ လိုင်း ရွှေရေးပန်းချီဟုခေါ်သောနည်းဖြင့် အုန်းခွက်ပေါ် တွင် ဆေးရောင်အနီ၊ အနက်၊ ရွှေရောင်များဖြင့် လက်ရာမြောက်ပုံများကိုရေးဆွဲသည်။
တိမ်တမန်

No comments:

Post a Comment