Mandalay Skate Board Associationက
ကြီးမှူး၍Go Skateboarding Dayအထိမ်းအမှတ် စကိတ်သရုပ်ပြပွဲနှင့် ပြိုင်ပွဲကို
ဇွန်၂၁ ရက် နံနက် ၇ နာရီက မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ၂၆ လမ်း၊ ၆၆ လမ်း
နှင့် ၆၇ လမ်းကြားရှိ ပြည်သူ့ရင်ပြင်နေရာတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်၊ မန္တလေးမြို့တော်ဝန်
ဒေါက်တာရဲလွင်နှင့် အစိုးရအဖွဲ့ဝင်များ တက်
ရောက်အားပေးကြသည်။

အပြည်ပြည်ဆိုင်ရာ စကိတ်နေ့ အထိမ်း အမှတ်အခမ်းအနားတွင် မန္တလေးတိုင်းဒေသ
ကြီး ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြော ကြားသည်။ ထို့နောက် Mandalay Skate- board Association မှ ကိုလင်းက စကိတ်ဘုတ်
ချစ်မြတ်နိုးသူများအတွက် နိုင်ငံတကာပြိုင်ပွဲ
များတွင် ပါဝင်နိုင်ရန်Go Skateboarding Day
ကို ကျင်းပရခြင်းဖြစ်ကြောင်း၊ လူငယ်များ မူးယစ်ကင်းစင်ပြီး အားကစားစိတ်ဝင်စားစေရန်
ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ရန်ကုန်၊ မန္တလေး၊ ပြင်ဦးလွင်မြို့
များမှ စကိတ်ဝါသနာရှင်လူငယ်များနှင့် နော်ဝေ
နိုင်ငံမှ စကိတ်ကျွမ်းကျင် ကစားသမားတစ်ဦး
တို့က စကိတ်စီးသရုပ်ပြကြသည်။ ဆက်လက်၍ အပျော်တမ်းစကိတ်ပြိုင်ပွဲ ကျင်းပခဲ့ကြသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက မန္တလာသီရိအားကစားကွင်းအတွင်း ဘက်စုံသုံး အားကစားခန်းမအနီး၌ မြေနေရာချထားပေး
ပြီး မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့
ရန်ပုံငွေဖြင့် အကောင်အထည်ဖော် တည် ဆောက်သွားမည်ဖြစ်ပြီး ကလပ်အသင်းပေါင်းစုံ
မှ ပြိုင်ပွဲများဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သီဟကိုကို(မန္တလေး)
No comments:
Post a Comment