Friday, June 1, 2018

ဘေးလ်တစ်ဦးတည်းအတွက်ငွေကြေးမြောက်မြားစွာမသုံးရန် မန်ယူဘုတ်အဖွဲ့ဝင်များကို မော်ရင်ဟို သတိပေး

Image may contain: 3 people
မန်ယူနည်းပြ မော်ရင်ဟိုက ရီးယဲလ်တိုက်စစ်မှူး ဂါရတ်ဘေးလ် တစ်ဦးတည်းအတွက် ပေါင်သန်း ၂ဝဝ အသုံးပြုရန် ဆန္ဒမရှိဘဲ မန်ယူဘုတ်အဖွဲ့ဝင်များအနေဖြင့် ကစားသမားတစ်ဦးတည်းအတွက် ငွေကြေး မြောက်မြားစွာ ဖြုန်းတီးမပစ်သင့်ကြောင်း သတိပေး စကားဆိုခဲ့သည်။ မန်ယူအမှုဆောင်ချုပ် အက်ဝုဒ်ဝါ့က ဂါရတ်ဘေးလ်ကို ယခုနှစ်နွေဈေးကွက် အဓိကပစ်မှတ် အဖြစ် ခေါ်ယူရန် ရည်ရွယ်ထားပြီး ပေါင်သန်း ၂ဝဝ အထိ အသုံးပြုသွားရန် ဆုံးဖြတ်ထားပြီးဖြစ်သည်။
သို့သော် မော်ရင်ဟိုက ဘေးလ်တစ်ဦးတည်းအတွက် ပေါင်သန်း၂ဝဝ အသုံးပြုခြင်းထက် သူကာလကြာရှည် ပစ်မှတ်ဖြစ်ခဲ့သည့် ဖရက်ဒ်နှင့် မီလင်ကိုဗစ်ဆာဗစ်တို့လို ကစားသမားမျိုးကိုသာ အမိအရ ခေါ်ယူသွားရန် ပိုမို လိုလားနေခြင်းဖြစ်သည်။ မော်ရင်ဟိုက ဘရာဇီးကစား သမားအနေဖြင့် လာမည့် ရက်သတ္တပတ်အတွင်း လက်မှတ်ရေးထိုးမည်ဟု မျှော်လင့်ထားပြီး ပေါင် ၃၅ သန်း ပေးရနိုင်ဖွယ်ရှိသည်။
မန်ယူအသင်းမှာ ဖရက်ဒ်ကို ခေါ်ယူရန် နီးစပ် နေသော်လည်း အသက် ၂၃ နှစ်အရွယ် မီလင်ကို ဗစ်ဆာဗစ်အတွက်မူ လာဇီယိုအသင်းဘက်မှ ပေါင်သန်း ၉ဝ နီးပါးအထိ တောင်းဆိုထားသောကြောင့် မန်ယူ အသင်းဘက်မှ လက်ရှောင်နိုင်ဖွယ်ရှိနေကြောင်း သိရ သည်။ လာဇီယိုအသင်းသည် အင်တာမီလန်အသင်းကို ရှုံးနိမ့်ခဲ့မှုကြောင့် ချန်ပီယံလိဂ်ဝင်ခွင့် လွဲချော်ထားရာ ဆားဘီးယားနိုင်ငံလက်ရွေးစင် မီလင်ကိုဗစ်ဆာဗစ် အနေဖြင့် လာဇီယိုအသင်းမှ ထွက်ခွာမည်မှာ သေချာ နေသည်။
မေလဲ့သင်း

No comments:

Post a Comment