Friday, June 22, 2018

သြစတြေးလျနှင့် သရေဖြစ်ခဲ့သော ဒိန်းမတ် လေးမှတ်စုဆောင်းနိုင်ခဲ့

Image may contain: 2 people, people playing sports, crowd and outdoor
ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စု(C)၏ ပွဲစဉ်တစ်ပွဲဖြစ်သည့် ဒိန်းမတ် အသင်းနှင့် သြစတြေးလျအသင်းတို့၏ ပွဲစဉ်တွင် တစ်ဖက်တစ်ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့သည်။
အဆိုပါပွဲစဉ်တွင် ဒိန်းမတ်အသင်းသည် ပထမပိုင်းပွဲကစားချိန် ခုနစ်မိနစ်မှာပင် ကွင်းလယ်ကစားသမားအဲရစ်ဆင်၏ သွင်းဂိုးဖြင့် ဦးဆောင်ဂိုးစတင်ရရှိခဲ့သည်။ သို့ရာတွင် သြစတြေးလျအသင်းက ပွဲ ကစားချိန် ၃၈ မိနစ်တွင် ပင်နယ်တီသွင်းဂိုးရရှိခဲ့ပြီး ယင်းပင်နယ်တီ သွင်းဂိုးကြောင့် သြစတြေးလျအသင်းက ချေပဂိုးပြန်လည်ရရှိခဲ့သည်။
ယင်းပွဲစဉ်တွင် ဒိန်းမတ်အသင်းသည် ၄-၃-၃ ပုံစံဖြင့် ပွဲထွက် လာခဲ့ပြီး သြစတြေးလျအသင်းမှာမူ ၄-၂-၃-၁ ပုံစံဖြင့် ပွဲထွက်လာခဲ့ သည်။ ဒိန်းမတ်အသင်းသည် ယခုပွဲစဉ်တွင် သရေတစ်မှတ်ရရှိခဲ့ခြင်း ကြောင့် နှစ်ပွဲကစားအပြီးတွင် လေးမှတ်စုဆောင်းနိုင်ခဲ့ပြီး သြစတြေးလျ အသင်းမှာမူ နိုင်ပွဲပျောက်ဆုံးခဲ့ကာ တစ်မှတ်သာရယူနိုင်ခဲ့သည်။ ဒိန်းမတ်အသင်းမှာ လေးမှတ်ရရှိထားခဲ့ခြင်းကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲ ၏ နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်မည့်အခွင့်အရေးတစ်ရပ်လည်း နီးစပ်သွားခဲ့ပြီဖြစ်သည်။ ဒိန်းမတ်သည် အုပ်စုအဆင့်နောက်ဆုံးပွဲစဉ် အဖြစ် ပြင်သစ်နှင့်လည်းကောင်း၊ သြစတြေးလျသည် ပီရူးနှင့်လည်း ကောင်း ဇွန် ၂၆ ရက်တွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
ငွေကြယ်

No comments:

Post a Comment