Thursday, June 28, 2018

လျှပ်စစ်အခြေခံပညာသင်တန်းဖွင့်

Image may contain: 4 people, people sitting
ရမည်းသင်း ဇွန် ၂၇
ရမည်းသင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ် လျှပ်စစ်ရုံးအဖွဲ့နှင့်ပူးပေါင်း၍ လျှပ်စစ်အခြေခံပညာသင်တန်းဖွင့်ပွဲကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ရုံးခန်းမ၌ ဇွန် ၁၅ ရက် နံနက် ၁ဝ နာရီက ဖွင့်လှစ်သည်။
တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းက အဖွင့်အမှာစကား ပြောကြားပြီး ရမည်းသင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန ဦးစီးမှူး ဦးအောင်နိုင်မိုးက သင်တန်းနည်းပြ ဦးတင်ဦးသို့ လျှပ်စစ် သင်ထောက်ကူပစ္စည်းများကို လွှဲပြောင်းပေးအပ်သည်။
ထို့နောက် သင်တန်းနည်းပြ ရမည်းသင်းခရိုင်လျှပ်စစ်ရုံး ဒုလက်ထောက် မန်နေဂျာ ဒေါ်ချိုတင့်က သင်ခန်းစာများပို့ချကြောင်း သိရသည်။ သင်တန်းသို့ လျှပ်စစ်မီးရရှိပြီးဖြစ်သောကျေးရွာများမှ သင်တန်းသား ၂ဝ တက်ရောက်ကြ သည်။ သင်တန်းကာလမှာ ရက်သတ္တတစ်ပတ်ဖြစ်ကြောင်း၊ လျှပ်စစ်အခြေခံပညာ သင်တန်းပြီးဆုံးပါက ကျေးလက်နေပြည်သူများ လျှပ်စစ်ဓာတ်လိုက်မှုအန္တရာယ် ကင်းရှင်းစွာ အသုံးပြုနိုင်ရေးကို အထောက်အကူပြုမည်ဖြစ်ကြောင်း သိရသည်။
တင်ဦး(ရမည်းသင်း)

No comments:

Post a Comment