
ရခိုင်ပြည်နယ်တွင် ဇွန် ၈ ရက်မှ ၁၄ ရက်ထိ မိုးသည်းထန်စွာရွာသွန်းခြင်း နှင့် လေပြင်းများ တိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်ခဲ့သည့် အိမ် ထောင်စုများအတွက် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းသည် အရေးပေါ် ကြက်ခြေနီလှုပ်ရှားမှု ကွပ်ကဲမှုစင်တာ နှင့်ပူးပေါင်းပြီး ရခိုင်ပြည်နယ် ကြက် ခြေနီကြီးကြပ်မှုကော်မတီက ပစ္စည်း ၁၈ မျိုးပါဝင်သည့်Hygiene Kit၊ တာပေါ်လင်စနှင့် ရေ ၂ဝ လီတာဆံ့ ဂျယ်ရီကန်ရေထည့်ပုံးများကို ထောက်ပံ့ ပေးလျက်ရှိကြောင်း သိရသည်။
ပစ္စည်းများ ထောက်ပံ့ပေးအပ်ရာ တွင် သက်ဆိုင်ရာမြို့နယ်များ အတွင်းရှိ ကြက်ခြေနီအသင်းခွဲများက စာရင်းကောက်ယူ တင်ပြလာသည့် ကနဦးအစီရင်ခံစာနှင့် ဌာနဆိုင်ရာ များက ရရှိသည့် စာရင်းဇယားများ ကို တိုက်ဆိုင်စစ်ဆေးပြီး ကူညီ ကယ်ဆယ်ရေးပစ္စည်းများကို မြို့နယ် ကြက်ခြေနီအသင်းခွဲများမှတစ်ဆင့် ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့သည့် မိသားစုဝင်များထံ တိုက်ရိုက်ထောက်ပံ့ ကူညီပေးသွားခြင်းဖြစ်သည်။
ဦးစွာ မင်းပြားမြို့နယ်အတွင်းရှိ ကျေးရွာများသို့ ပစ္စည်း ၁၈ မျိုး ပါဝင် သည့် Hygiene Kit အစုံ ၁၅ဝ၊ ဂျယ်ရီကန်ရေထည့်ပုံး အလုံး ၁၅ဝ နှင့် တာပေါ်လင်စ ၅ဝ တို့ကို ပံ့ပိုးပေး ခဲ့ပြီး ဇွန် ၂၁ ရက်တွင် တောင်ကုတ် မြို့နယ်အတွင်းရှိ မိသားစုများအား ကူညီထောက်ပံ့ရေးပစ္စည်း ၇၆ စုံကို ဆက်လက်ထောက်ပံ့ပေးအပ်သည်။ အလားတူ အမ်းမြို့နယ်အတွင်းရှိ မိသားစု ၇၂ စုနှင့် မာန်အောင်မြို့နယ် အတွင်းရှိ မိသားစု ၂၄ စုအတွက် လည်း ကူညီထောက်ပံ့ရေးပစ္စည်းများ ဆက်လက်ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။
''ကျွန်တော်တို့ ရခိုင်ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီအနေ နဲ့ ပြည်နယ်အတွင်းမှာ သဘာဝဘေး ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုတွေ ဖြစ် လာခဲ့ရင် အချိန်နဲ့တစ်ပြေးညီ ကူညီ ပံ့ပိုးမှုတွေ ဆောင်ရွက်နိုင်ဖို့ စစ်တွေ၊ ကျောက်ဖြူနဲ့ သံတွဲမြို့တွေမှာ ကူညီ ထောက်ပံ့ရေးပစ္စည်းတွေ ခွဲဝေသိုလှောင် ထားပါတယ်၊ မြို့နယ်ကြက်ခြေနီ အသင်းခွဲတွေက တင်ပြလာတဲ့ ကနဦး အစီရင်ခံစာနဲ့ ဌာနဆိုင်ရာတွေက စာရင်းတွေ တိုက်ဆိုင်စစ်ဆေးပြီး အနီးဆုံးနေရာက ထောက်ပံ့ပေးခြင်း ဖြစ်ပါတယ်၊ မိမိတို့ဒေသမှာ သဘာဝ ဘေးအန္တရာယ်တစ်စုံတစ်ရာ ဖြစ်ပေါ် ခဲ့လို့ ဆုံးရှုံးမှုတွေ ဖြစ်ပေါ်လာရင် မြို့နယ်ကြက်ခြေနီ အသင်းခွဲတွေကို အကြောင်းကြားပြီး ထောက်ပံ့ရေး ပစ္စည်းတွေ ရယူနိုင်ပါတယ်''ဟု ရခိုင် ပြည်နယ် ကြက်ခြေနီကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးကိုကိုလေးက ပြောကြားသည်။
အောင်သူရ၊ ဟန်လင်းနိုင်
No comments:
Post a Comment