Wednesday, June 27, 2018

လန်ဒန်ဟီးသရိုးလေဆိပ် တိုးချဲ့ရေး ဗြိတိန်အမတ်များ အတည်ပြု

Image may contain: sky, airplane and outdoor
လန်ဒန် ဇွန် ၂၆
ဥရောပတိုက်၏ လေယာဉ်အဝင်အထွက် အများဆုံးလေဆိပ်ဖြစ်သော လန်ဒန်ဟီးသရိုး လေဆိပ်၌ တတိယမြောက် လေယာဉ်ပြေး လမ်း တစ်လမ်း ဖောက်လုပ်ရေးအစီအစဉ်ကို ဗြိတိန် လွှတ်တော်အမတ်များက မဲပေး အတည်ပြုလိုက်ကြောင်း ဒေသဆိုင်ရာသတင်း ဌာနများက ဇွန် ၂၆ ရက်တွင် သတင်းထုတ်ပြန် သည်။
သဘောတူညီပြီး
ဝန်ကြီးချုပ်ထရေဆာမေ၏ အစိုးရအဖွဲ့ သည် ယခုလအစောပိုင်းက ဟီးသရိုးလေဆိပ် လေယာဉ်ပြေးလမ်းသစ် တိုးချဲ့ရေးစီမံကိန်းကို အကောင်အထည်ဖော်ရန် သဘောတူညီခဲ့ပြီး ဖြစ်သည်။ လေဆိပ်တိုးချဲ့ခြင်းဖြင့် မိမိတို့ နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုအတွက် အထောက် အကူပေးမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်မေက ပြောကြားခဲ့သည်။
ဝေဖန်ပြောကြား
သို့ရာတွင် လန်ဒန်မြို့တော်နှင့် အင်္ဂလန် အရှေ့တောင်ပိုင်း ဒေသတို့ကို ကိုယ်စားပြု သော အမတ်အများအပြားကမူ လေဆိပ် တိုးချဲ့ရေးစီမံကိန်းနှင့် ပတ်သက်၍ ပြင်းပြင်း ထန်ထန်ဝေဖန်ပြောကြားခဲ့ကြသည်။ လေဆိပ် တိုးချဲ့ရေးစီမံကိန်းကြောင့် လူဦးရေသိပ်သည်း သော နယ်မြေအပေါ် ဆူညံသံဖိစီးလာနိုင်ပြီး ပတ်ဝန်းကျင်ထိခိုက်မှုရှိနိုင်သည်ဟု ၎င်းတို့က ပြောကြားကြသည်။
လေဆိပ်တိုးချဲ့ရေးစီမံကိန်းကို အစိုးရ အဖွဲ့က အတည်ပြုခဲ့ရာတွင် မိမိအနေဖြင့် သတိရှိရှိဖြင့် အကောင်းဘက်မှရှုမြင်မိကြောင်း သယ်ယူပို့ဆောင်ရေးဝန်ကြီး ခရစ်ဂရေလင်းက ပြောကြားသည်။
ဟီးသရိုးလေဆိပ် တိုးချဲ့ရေးအတွက် မဲခွဲဆုံးဖြတ်မှုဖြစ်ပေါ်လာရန် နှစ်ပေါင်း ၅ဝ မျှ အချိန်ယူခဲ့ရကြောင်း၊ မျိုးဆက်တစ်ဆက် ကာလအတွင်း သယ်ယူပို့ဆောင်ရေးဆိုင်ရာ အကြီးကျယ်ဆုံး ဆုံးဖြတ်ချက်တစ်ရပ် ဖြစ် ကြောင်း ၎င်းက ပြောကြားသည်။
တိုးတက်လာမည်
လေဆိပ်တိုးချဲ့ခြင်းဖြင့် ၂ဝ၃ဝ ပြည့်နှစ် ထက်နောက်မကျဘဲ အလုပ်အကိုင်နေရာ ၁၁၄ဝဝဝ အထိ ဖော်ထုတ်ပေးနိုင်မည်ဖြစ်ပြီး နိုင်ငံတကာကုန်သွယ်မှုတွင် ဗြိတိန်နိုင်ငံ၏ ယှဉ်ပြိုင်နိုင်စွမ်း တိုးတက်လာမည်ဖြစ်သည် ဆို၏။
လေဆိပ်တိုးချဲ့ရေးစီမံကိန်းအတွက် ရန်ပုံ ငွေကို ပုဂ္ဂလိကကဏ္ဍက ဖြည့်ဆည်းပေးမည် ဖြစ်သည်။ လေဆိပ်အသုံးပြုသော လေ ကြောင်း ဌာနများအပေါ် အခွန်တိုးမြှင့် ကောက်ခံမှု မရှိစေရေးအတွက် အစိုးရအဖွဲ့က လေဆိပ်လုပ်ငန်းကုမ္ပဏီနှင့် လက်တွဲလုပ်ကိုင် သွားမည်ဖြစ်ကြောင်း ဝန်ကြီး ဂရေလင်းက ပြောကြားသည်။
အေအက်ဖ်ပီ

No comments:

Post a Comment